လားရှိုးက စစ်ကောင်စီတပ်ကို MNDAA ထိုးစစ်ဆင်... ကျိုက်မရောက ဘုန်းကြီးကျောင်းကို စစ်ကောင်စီဗုံးကြဲ... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရသတင်းများ
(၂၀- ၇- ၂၀၂၄)
၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ၂၅ ရက်မြောက်နေ့ လားရှိုးမှာတိုက်ပွဲပြင်းထန်နေပြီး MNDAA - မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်နဲ့ ပူးတွဲတပ်တွေ လားရှိုးမြို့ထဲအထိ ရောက်နေပြီဖြစ်တယ်လို့ ဒေသတွင်းမီဒီယာ ရွှေဖီမြေက ဖေါ်ပြပါတယ်။
ဇူလိုင် ၁၉ မှာ တနေကုန် လက်နက်ကြီးသံတွေကြားနေရပြီး ရန်တိုင်းအောင်၊ ချယ်ရီမြိုင်ဝန်းနဲ့ မြို့အဝင် အေဒီဂိတ်တွေမှာ တိုက်ပွဲတွေဖြစ်ပွါးနေတယ်၊ ခလရ ၄၁ တပ်ရင်းနားမှာ ပြင်းထန်နေတယ်၊ စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲနေတယ်လို့ ဒေသခံတွေပြောတာကို ကိုးကားဖေါ်ပြပါတယ်။
၄ ရက်တာအပစ်ရပ်မှု ၁၈ ရက်မှာကုန်ဆုံးပြီးနောက် ၁၉ ရက်မှာ အခုလို ထိုးစစ်ဆင်လာတာဖြစ်ပါတယ်။
ဒါ့အပြင်...
- သိန္နီမြို့ ကို ၁၈ ရက်နေ့ ညနေ ၄ နာရီခွဲခန့်မှာ စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲတဲ့အတွက် အရပ်သား ၈ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရ...
- စဉ့်ကူးမြို့နယ်၊ ထုံးကြီးရွာရှိ စစ်တပ်၊ ရဲ၊ ပျူစောထီး ပူူးပေါင်း အခိုင်အမာစခန်းကို PDF-MDY က သိမ်းပိုက်...
- ကျိုက်မရောမြို့နယ်၊ ငပုအင်းရွာသစ် ဘုန်းကြီးကျောင်းနဲ့ လွှစင်ကုန်းကျေးရွာ လမ်းဆုံကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတဲ့အတွက် လူ ၃၀ ခန့်အထိ သေဆုံးနိုင်...
- ၁၅ ရက်အတွင်း စစ်ကောင်စီနဲ့ KNLA-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊
အမှတ်(၅)တပ်မဟာကြားမှာ တိုက်ပွဲ ၆၀ ကျော်ဖြစ်ပွားပြီး စစ်ကောင်စီဖက်က
(၄၀)နီးပါး သေဆုံး...
- ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့က အင်ဂျင်နီယာတပ်သားတစ်ဦး
လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်လာလို့ PDF က ဆုငွေချီးမြှင့်...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)
0 comments:
Post a Comment