Monday, July 1, 2024

“မတူပီမြို့သိမ်းတိုက်ပွဲဟာ တပ်ရင်းအဆင့်၊ ဗျုဟာအဆင့်ကို သိမ်းနိုင်တာဖြစ်လ...


“မတူပီမြို့သိမ်းတိုက်ပွဲဟာ တပ်ရင်းအဆင့်၊ ဗျုဟာအဆင့်ကို သိမ်းနိုင်တာဖြစ်လို့ အရေးကြီးတဲ့ တိုးတက်မှုဖြစ်ပါတယ်”

- ဆလိုင်းယောမာန် (ပြောခွင့်ရပုဂ္ဂိုလ် - ချင်းညီနောင်)

(၁- ၇ -၂၀၂၄)

“မတူပီမြို့ရှိ စစ်ကောင်စီတပ်ရင်း ၂ ခုနဲ့ စစ်ဗျုဟာတခုကို သိမ်းပိုက်နိုင်ခြင်းဟာ ချင်းပြည်နယ်အတွင်း ပထမ ဆုံးအကြိမ် တပ်ရင်းအဆင့်၊ ဗျုဟာအဆင့်ကို သိမ်းနိုင်တာဖြစ်တဲ့အတွက် အရေးပါတဲ့ တိုးတက်မှုဖြစ်တယ်။ ချင်းပြည်နယ်မှာ စစ်ကောင်စီကင်းစင်ရေးအတွက် အရှိန်မြှင့်ဆောင်ရွက်သွားမှာဖြစ်တယ်” လို့ ချင်းညီနောင်အဖွဲ့ ပြောခွင့်ရနဲ့ မင်းတပ်မြို့နယ် ပအဖ ပြောခွင့်ရ ဆလိုင်းယောမာန်က ပြောပါတယ်။

ဇွန် ၂၉ မှာ သိမ်းပိုက်လိုက်တဲ့ မတူပီမြို့သိမ်းတိုက်ပွဲအကြောင်း BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...

- မတူပီမြို့သိမ်းတိုက်ပွဲမှာ ဘယ်လိုထူးခြားချက်တွေ တွေ့မြင်ရသလဲ...

- စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်ရေးအခြေအနေ လုံး၀ ကျဆင်းသွားပြီလား...

- မတူပီ ဗျုဟာအောက်မှာ တခုတည်းကျန်နေတဲ့ မင်းတပ်က ခလရ ၂၇၄ ဘာဆက်ဖြစ်နိုင်သလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂- ပြန်လည်စတင်နိုင်ခြင်းက တနိုင်ငံလုံးရှိ တော်လှန်ရေးအင်အားစုတွေကို ဘယ်လိုခွန်အားဖြစ်စေသလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More