Sunday, July 28, 2024

လားရှိုးမြို့က စစ်တပ်စခန်းတွေ MNDAA ဆက်လက်သိမ်းပိုက်... ဟားခါးအနီးက စစ်တ...


လားရှိုးမြို့က စစ်တပ်စခန်းတွေ MNDAA ဆက်လက်သိမ်းပိုက်... ဟားခါးအနီးက စစ်တပ်စခန်း ၃ ခု ချင်းတော်လှန်ရေးတပ်တွေ သိမ်းပိုက်... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရသတင်းများ

(၂၉ -၇- ၂၀၂၄)

လားရှိုးမြို့အုပ်ချုပ်ရေးကို စနစ်တကျဆောင်ရွက်နေပြီလို့ အချက် ၈ ချက်ပါတဲ့ ကြေညာချက်ကို MNDAA- မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်က ဒီနေ့ ထုတ်ပြန်ပါတယ်။

အစောပိုင်းထုတ်ပြန်ချက်တွေထဲမှာတော့ ဆင်တောင်မှာရှိတဲ့ အသံလွှင့်ကုန်းကို ဇူလိုင် ၂၇၊ မနက် ၉ နာရီခန့်မှာ သိမ်းပိုက်ပြီး ခလရ(၆၈)တပ်ရင်းကိုတော့ ညနေ ၆ နာရီခန့်မှာ အပြီးသတ် သိမ်းပိုက်တဲ့ ဗီဒီယို မှတ်တမ်းတွေကို ဖေါ်ပြပါတယ်။

ထူးခြားတာကတော့ ခလရ ၆၈ ကို သိမ်းပိုက်တဲ့ MNDAA တပ်မဟာရဲ့အမည်က ၆၁၁ ဖြစ်နေတာပါ။ ၆၁၁ တပ်မဟာဆိုတာ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းမစတင်ခင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီက တိုင်းရင်းသားပေါင်းစုံနဲ့ စုဖွဲ့ခဲ့တဲ့ တပ်မဟာအသစ် ဖြစ်ပါတယ်။ တိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ တပ်မဟာ ၆၁၁ တိုက်ပွဲဝင်နေတာကို ပထမ ဆုံးအကြိမ် တရားဝင် အသိပေးတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် BPLA- ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်နဲ့ PLA- ပြည်သူ့လွတ်မြောက်ရေးတပ်မတော်တို့ကလည်း ခလရ(၆၈)တပ်ရင်း စခန်းသိမ်းပွဲမှာ သူတို့တပ်တွေလည်း ပါဝင်တယ်လို့ မနေ့က ထုတ်ပြန်ထားတာတွေ့ရပါတယ်။

ခလရ-၆၈ သိမ်းပွဲနဲ့ အသံလွှင့်ကုန်းသိမ်းပွဲကနေ လက်နက်ခဲယမ်းများစွာ ရရှိတာကိုလည်း ဗီဒီယိုမှတ်တမ်းထဲတွေ့ရပါတယ်။

ဒါ့အပြင်...

- UWSA- ၀ တပ်ဖွဲ့တွေ ထောင်နဲ့ချီပြီး ဇူလိုင် ၂၇ ညပိုင်းမှာ လားရှိုးမြို့ထဲ  ဝင်ရောက်လာ...

- ကျောက်မဲနဲ့ မိုးမိတ်မှာ တိုက်ပွဲ ဆက်လက်ပြင်းနေပြီး လက်နက် ၁၀ ကျော်နဲ့ သုံ့ပန်း ၂ ဦး ဖမ်းမိ...

- ဟားခါးမြို့နဲ့ ထန်တလန်မြို့ကြားရှိ စစ်ကောင်စီရဲ့ အမာခံစခန်း Auto တောင် စခန်း ၃ ခုကို ချင်းပြည်အစိုးရတပ်က သိမ်းပိုက်...

- မတူမြို့သိမ်းတိုက်ပွဲအတွင်း ထွက်ပြေးသွားတဲ့ စစ်သားတွေနဲ့ မိသားစုဝင် ၁၀၀ ကျော်ကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးမိ...

- ထားဝယ်ခရိုင် သရက်ချောင်းမြို့ကနေ ထားဝယ်ဖက်မောင်းလာတဲ့ ရဲနဲ့ ပျုစောထီး ၃ ဦးပါတဲ့ ကားကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ပြီး ကျည်ဆံအချို့ သိမ်းမိ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More