Tuesday, July 16, 2024

နေပြည်တော် အေလာ လေတပ် စခန်းကို ရှော့တိုက်ဒုံးနဲ့ တိုက်... မိုးမိတ်တိုက်ပ...


နေပြည်တော် အေလာ လေတပ် စခန်းကို ရှော့တိုက်ဒုံးနဲ့ တိုက်... မိုးမိတ်တိုက်ပွဲမှာ လက်နက်တွေ သိမ်းမိ... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရသတင်းများ

(၁၇- ၇ -၂၀၂

နေပြည်တော် အေလာ လေတပ် စခန်းကို တော်လှန်ရေး တပ်တွေက ရှော့တိုက်ဒုံးနဲ့ တိုက်တဲ့အတွက် လေတပ် အရာရှိ ၄ ဦး အပါအဝင် ၁၀ ဦးကျော် သေဆုံးပြီး တိုက်လေယာဉ်တွေလည်း ထိမှန် ပျက်စီးသွားတယ်လို့ BWM (Brave Warriors for Myanmar) က သတင်းထုတ်ပြန်ပါတယ်။

BWM အဖွဲ့ရဲ့ စီမံမှုနဲ့ MKCDF (Mountain Knights Civilian Defense Force) နဲ့ MRF (Mercury Revolution Force) တို့က ဇူလိုင် ၁၆ ရက်၊ မနက် ၉ နာရီခန့်မှာ အေလာ လေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ပြီး ၅ လုံးက ပစ်မှတ်ကို အတိအကျ ထိမှန်တယ်လို့ ဆိုပါတယ်။

လေတပ်အရာရှိ ၄ ဦးနဲ့ အခြားအဆင့် စစ်သည် ၁၂ ဦး သေဆုံးပြီး A-5 Bomber Jet Fighter တစင်း ပျက်စီး၊ အခြားတိုက်လေယာဉ် ၂ စင်း ထိခိုက်၊ ခဲယမ်းတိုက် မီးလောင်၊ ပြုပြုင်ရေးဂိုဒေါင် အပါအဝင် အဆောက်အဦ ၄ လုံး ပြိုကျပျက်စီးတယ်လို့ ဖော်ပြပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းကို ကြိုဆိုခြင်း၊ တနိုင်ငံလုံးကို ဒုက္ခပေးနေတဲ့ တိုက်လေယာဉ်တွေကို တားဆီးခြင်းအတွက် အခုလို တိုက်ခိုက်ရတာဖြစ်ပြီး ဒါဟာ BWM နဲ့ မဟာမိတ်တွေရဲ့ ၅ ကြိမ်မြောက် တိုက်ခိုက်မှုဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

ဒါ့အပြင်...

- မတ္တရာမြို့နယ်ရှိ Alpha ဘိလပ်မြေ စက်ရုံ တပ်စခန်းနဲ့ တောင်တံငါ တပ်စခန်းတို့ကို မနေ့က သိမ်းပိုက်လိုက်ပြီး လက်နက်တွေ၊ စစ်သုံ့ပန်းတွေ ထပ်မံသိမ်းမိ၊ ဖမ်းမိတယ်လို့ PDF-MDY က သတင်းထုတ်ပြန်...

- မိုးမိတ်မြို့နယ်ရှိ ခလရ ၂၇၆ တပ်က ထိုးစစ်ဆင်လာတဲ့အတွက် တောင်ကိုင်းရွာ အနီးမှာ တိုက်ပွဲဖြစ်ပြီး ၆၀ မမ အပါအဝင် လက်နက်မျိုးစုံ ၁၁ လက်နဲ့ ခဲယမ်းတွေ သိမ်းမိတယ်လို့ TNLA သတင်းထုတ်ပြန်...

- လားရှိုးတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဒု-တပ်ခွဲမှူး အပါအဝင် စစ်သုံ့ပန်း ၃၂ ဦး ဖမ်းမိ၊ လနက်ချတဲ့လေယာဉ်မှုးကို ကျပ်ငွေ သိန်း-တသောင်း (တစ်ဘီလျံ) အထိ ဆုချီးမြှင့်မယ်လို့ MNDAA ထုတ်ပြန်...

- သံတွဲမြို့ကို AA (အာရက္ခတပ်တော်) က သိမ်းပိုက် ထိန်းချုပ်လိုက်ပြီလို့ ဒေသတွေ ပြောတာကို Western News က ဖော်ပြ၊ မောင်တောမြို့နယ်၊ နယ်ခြားစောင့် စခန်းကနေ လှေနဲ့ထွက်ပြေးသွားတဲ့ စစ်သားနဲ့ ရဲတွေကို ဘင်္ဂလားဒေ့ရှ်ဘက်က လက်မခံတဲ့အတွက် သီတင်းတပတ်လောက် ကြာတဲ့အထိ နတ်မြစ်ထဲမှာ မျောနေဆဲ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More