Friday, July 14, 2023

“နယ်ခြားစောင့်တပ်တွေအပြင် စစ်ကောင်စီတပ်တွေပါ အမြင်မှန်ရပြီး တပ်ရင်းအလိုက...



“နယ်ခြားစောင့်တပ်တွေအပြင် စစ်ကောင်စီတပ်တွေပါ အမြင်မှန်ရပြီး တပ်ရင်းအလိုက် ပူးပေါင်းလာရင် ပိုကောင်းတာပေါ့“

- ဗိုလ်နဂါး (ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် - စစ်ကိုင်းတိုင်း)

(၁၄- ၇- ၂၀၂၃)

“ကရင်နီပြည်နယ်က မယ်စဲ့တိုက်ပွဲရဲ့အောင်မြင်မှုဟာ အညာဒေသရှိ တော်လှန်ရေးရဲဘော်တွေကို များစွာခွန်အားရှိစေတယ်။ “ကလလတ”- လို နယ်ခြားစောင့်တပ်တွေ ပြည်သူနဲ့ပူးပေါင်းသလိုမျိုး စစ်ကောင်စီတပ်တွေလည်း ပြည်သူ့ဆန္ဒကိုသဘောပေါက်ပြီး တပ်ရင်းအလိုက် ပြည်သူနဲ့ပူးပေါင်းလာရင် ပိုကောင်းတာပေါ့” လို့ စစ်ကိုင်းတိုင်း ပုလဲနယ်က ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်တဦးဖြစ်သူ ဗိုလ်နဂါး ကပြောပါတယ်။

၂၀၂၃ ခုနှစ်ရဲ့ နှစ်လယ်၊ ဇွန်လ ၁၃ ရက်မှာ စတင်ခဲ့တဲ့ ကရင်နီနယ်က မယ်စဲ့တိုက်ပွဲအတွင်း နယ်ခြားစောင့်တပ် “ကလလတ” ပါလာတာ၊ ကရင်နီတပ်တွေအပြင် KNLA နဲ့ PDF အပါဝင် တပ်ပေါင်းစုဖွဲ့ပြီးတိုက်နိုင်တာတွေအပေါ် အညာကရဲဘော်တွေ ဘယ်လိုမြင်သလဲ...ဆိုပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ်  သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...

- အညာဒေသ လက်နက်တပ်ဆင်မှုကို NUG က အလေးထားဆောင်ရွက်နေပြီလား...

- မယ်စဲ့မြို့မှာ တပ်ပေါင်းစုအောင်ပွဲခံခြင်းက အညာကရဲဘော်တွေကို ဘယ်လောက်အထိ ခွန်အားဖြစ်စေသလဲ...

- နယ်ခြားစောင့်တပ်အပါဝင် လက်နက်ကိုင်အဖွဲ့တွေအားလုံး နွေဦးတော်လှန်ရေးနဲ့ ပူးပေါင်းဖို့ အကောင်းဆုံးအချိန်ရောက်နေပြီလား...

- ၂၀၂၃ လက်ကျန် ၆ လအတွင်း စစ်ရေးအရ ဘယ်လောက်အထိ မျှော်လင့်နိုင်မလဲ...

- “တော်လှန်ရေး ဘယ်တော့ပြီးမလဲ”...မေးနေသူတွေအတွက် ဗိုလ်နဂါးရဲ့ အဖြေက ဘာလဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More