Monday, July 31, 2023

“အာဏာရှင်တည်တဲ့ဘုရား ငါတို့မကိုးကွယ်ဘူးဆိုတဲ့ စိတ်နှလုံးလေးတော့ သွင်းသင့...



“အာဏာရှင်တည်တဲ့ဘုရား ငါတို့မကိုးကွယ်ဘူးဆိုတဲ့ စိတ်နှလုံးလေးတော့ သွင်းသင့်တယ်”

- အရှင်ထာဝရ (ရွှေဝါရောင်ဆရာတော် - နော်ဝေ)

(၃၁- ၇- ၂၀၂၃)

“လူတွေကိုထောင်နဲ့ချီသတ်ဖြတ်ပြီး ရွာတွေကိုမီးတင်ရှို့နေတဲ့ အာဏာသိမ်းစစ်ကောင်စီဥက္ကဌ တည်ထားကိုးကွယ်တဲ့ ဘုရားကိုသွားဖူးရင် ကုသိုလ်မရပဲ အကုသိုလ်သာ ကူးစက်နိုင်တာကြောင့် စစ်ကောင်စီနဲ့ဝေးဝေးရှောင်နေဖို့လိုတယ်၊ 'အာဏာရှင်တည်တဲ့ဘုရား ငါတို့မကိုးကွယ်ဘူးဆိုတဲ့ စိတ်နှလုံးလေးတော့ သွင်းသင့်တယ်” လို့ ရွှေဝါရောင်ဆရာတော် အရှင်ထာဝရ (နော်ဝေ) က မိန့်ပါတယ်။

မနက်ဖန် နေပြည်တော်မှာကျင်းပဖို့ စစ်ကောင်စီက အကြီးအကျယ်ပြင်ဆင်နေတဲ့ မာရဝိဇယ ကမ္ဘာ့အကြီးဆုံး ရုပ်ပွားတော်ဖွင့်ပွဲနဲ့ပတ်သက်ပြီး “ဒါဟာ ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးချနေတာလား” ဆိုပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- မနက်ဖန်ကျင်းပမယ့် နေပြည်တော်က ကမ္ဘာ့အကြီးဆုံး ရုပ်ပွားတော်ဖွင့်ပွဲ ပြည်သူတွေအတွက် ဘာထူးမလဲ...

- အာဏာသိမ်းစစ်ခေါင်းဆောင်တွေအားလုံး ကျဆုံးချိန်နီးလာရင် ဘုရားတည်လေ့ရှိသလား...

- ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးချနေတဲ့ စစ်ကောင်စီကို ပြည်သူတွေက ဘယ်လိုတုန့်ပြန်သင့်သလဲ...

- ဘုရားပုံအကြီးကြီးတွေကို ငွေကုန်ခံတည်ဖို့ထက် နှလုံးသားထဲမှာ ဘုရားတည်နိုင်ဖို့က ပိုအရေးကြီးတယ်ဆိုတာ ဘာကို ဆိုလိုတာလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More