Wednesday, July 12, 2023

“ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်းဝန်ကြီးနဲ့ပေးတွေ့ပြီး ဝါဒဖြန့်တဲ့လုပ်ရပ်မျ...



“ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်းဝန်ကြီးနဲ့ပေးတွေ့ပြီး ဝါဒဖြန့်တဲ့လုပ်ရပ်မျိုးဟာ စစ်အုပ်စုက လုပ်နေကြအလုပ်ပါ”

- ဒေါ်ခင်ဥမ္မာ -(ရှေ့ပြေးအသံအဖွဲ့ -  Progressive Voice)

(၁၂- ၇- ၂၀၂၃)

“အာဆီယံ အစည်းဝေးဆီ ဒေါ်အောင်ဆန်းစုကြည်က ဘယ်လိုသတင်းစကားပါးလိုက်တယ်၊ ဘာပြောတယ်၊ ညာပြောတယ်ဆိုတာဟာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ တဖက်သတ် ပြောဆိုချက်သာဖြစ်တဲ့အတွက် လက်ခံနိုင်စရာမရှိဘူး။ စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချဖို့တချိန်လုံးစဉ်းစားနေတာဖြစ်ပြီး ဒါဟာ စစ်ကောင်စီနဲ့ ထိုင်းဝန်ကြီးတို့ရဲ့ ပူးပေါင်းကြံစည်မှုသာဖြစ်တယ်၊ ဒါကို အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက သဘောပေါက်ဖို့လိုတယ်” လို့ ရှေ့ပြေးအသံအဖွဲ့  (Progressive Voice) တည်ထောင်သူ တည်ထောင်သူ ဒေါ်ခင်ဥမ္မာ ကပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာကျင်းပနေတဲ့ အာဆီယံအစည်းအဝေးအတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြိးက သူ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ရခဲ့ကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းဆီ ဒေါ်အောင်ဆန်းစုကြည်က ဘယ်လိုသတင်းစကားပါးလိုက်ကြောင်း... စသဖြင့်ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ်  ဒေါ်ခင်ဥမ္မ  ာက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ ...

- အာဆီယံ အလှည့်ကျဥက္ကဌ အင်ဒိုနီးရှားက ပြောနေတဲ့ အားလုံးပါဝင်တဲ့ဆွေးနွေးပွဲဖြစ်ဖို့ ဘာတွေလိုအပ်နေသလဲ...

- အာဆီယံ အစည်းဝေးနဲ့အချိန်ကိုက် ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်းဝန်ကြီးနဲ့ ပေးတွေ့ခြင်း စစ်ကောင်စီရဲ့ဗျုဟာက ဘာလဲ...

- မိုခါမုန်တိုင်းသင့်ဒုက္ခသည်တွေဆီတောင် ၂ လ ကြာတဲ့အထိ လူသား-စာနာ အကူအညီရောက်အောင် မပေးနိုင်တဲ့ အာဆီယံက နိုင်ငံရေးပြေလည်မှုရအောင် ကြားဝင်စေ့စပ်ပေးမယ်ဆိုတာ ဘယ်လောက်ဖြစ်နိုင်ခြေရှိသလဲ....

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အာဆီယံနဲ့ နိုင်ငံတကာအပေါ် မြန်မာလူထုက ဘာများမျှော်လင့်ထားသင့်သလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့  မနက်ဖန် ထုတ်လွှင့်ပါမယ်။ ကြေညာထားပြီးသားဖြစ်တဲ့ ဗိုလ်နဂါးနှင့် မေးမြန်းချက် ဒုတိယ ပိုင်းကိုတော့ နောက်ရက်တွေမှာ ဆက်လက်ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More