“ဒီတွေ့ဆုံမှုကို စစ်ကောင်စီက သူ့အကျိုးစီးပွားအတွက် အသုံးချမယ်ဆိုတာကတော့ ငြင်းလို့မရတဲ့အချက်ဖြစ်ပါတယ်”
- ဒေါက်တာတင့်ဆွေ (နိုင်ငံရေး ဝေဖန်သုံးသပ်သူ)
(၁၉ - ၇- ၂၀၂၃)
“လက်ရှိအခြေအနေမှာ ရွေးကောက်ပွဲအတုနဲ့ထွက်ပေါက်ရှာလို့မရတော့ဘူးဆိုတာကို သဘောပေါက်လာတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်းဝန်ကြီးနဲ့ပေးတွေ့တာဖြစ်တယ်။ ဒီတွေ့ဆုံမှုကို စစ်ကောင်စီက သူ့အကျိုးစီးပွားအတွက် အသုံးချမှာ သေချာတယ်။ နွေဦးတော်လှန်ရေးအင်အားစုတွေအနေနဲ့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မှုကို သတိထားပြီး ကိုယ်လုပ်စရာရှိတာတွေကို ညီညီညွတ်ညွတ်နဲ့ အရှိန်မြှင့် ဆောင်ရွက်သွားဖို့လိုပါတယ်” လို့ ၁၉၉၀ ခုနှစ် ရွေးကောက်ခံလွှတ်တော်အမတ်ဟောင်း၊ နိုင်ငံရေး ဆန်းစစ်ဝေဖန်သူ ဒေါက်တာတင့်ဆွေကပြောပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ် အာဆီယံအစည်းဝေးမတိုင်ခင်လေးမှာ ဖမ်းဆီးခံထားရဆဲဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ စစ်ကောင်စီက ပေးတွေ့မှုအပေါ် ... ဘာကြောင့်ပေးတွေ့သလဲ၊ ဘာတွေဆက်ဖြစ်လာမလဲ၊ အရင်လမ်းဟောင်းအတိုင်း စစ်ကောင်စီက ဆက်သွားချင်နေတာလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူကဒီလိုဖြေကြားတာပါ။
အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...
- ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်းဝန်ကြီးနဲ့ပေးတွေ့ခြင်းရဲ့ ရည်ရွယ်ချက်က ဘာဖြစ်မလဲ...
- အာဆီယံ အထူးသံ၊ ကုလ-အထူးသံတွေနဲ့ပေးမတွေ့ပဲ ဘာကြောင့် ထိုင်းဝန်ကြီးနဲ့ ပေးတွေ့တာလဲ...
- နိုင်ငံတကာဖိအားလျော့ကျရေးထက် ... ပြည်တွင်းဖိအားလျော့ကျရေးကို အဓိကပစ်မှတ်ထားတဲ့လုပ်ရပ်လား...
- လုံခြုံရေးအထပ်ထပ်နဲ့ နေပြည်တော်မှာ နန်းစံသလိုနေနိုင်တယ်ထင်ရပေမယ့် ဒီလိုဆက်နေလို့မရတော့ဘူးဆိုတာကို စစ်ကောင်စီ သဘောပေါက်လာပြီလား...
- စစ်ကောင်စီရဲ့ ဝါဒဖြန်မှုကို သတိထားပြီး တော်လှန်ရေးအင်အားစုတွေရဲ့ လှုပ်ရှားမှုကို ဘယ်လိုအရှိန်မြင့်ကြမလဲ...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။
0 comments:
Post a Comment