Sunday, July 9, 2023

“စခန်းသိမ်းတိုက်ပွဲတွေ နေ့တိုင်းရှိနေပြီး လက်နက်တွေလည်း နေ့တိုင်းရရှိနေပ...



“ စခန်းသိမ်းတိုက်ပွဲတွေ နေ့တိုင်းရှိနေပြီး လက်နက်တွေလည်း နေ့တိုင်းရရှိနေပါတယ်”

- ဦးမောင်မောင်ဆွေ (ပြောခွင့်ရပုဂ္ဂိုလ် - ကာကွယ်ရေးဝန်ကြီးဌာန - NUG)

(၁၀- ၇- ၂၀၂၃)

“PDF နဲ့ ERO ပူးတွဲတော်လှန်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီစခန်းတွေကို နေ့တိုင်းလိုလို တိုက်ခိုက်သိမ်းပိုက်နေပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေလည်း နေ့တိုင်းလိုလို ရရှိနေပါတယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MoD) ပြောခွင့်ရပုဂ္ဂိုလ် ဦးမောင်မောင်ဆွေ ကပြောပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနက နေ့စဉ်ထုတ်ပြန်နေတဲ့ တိုက်ပွဲသတင်းတွေထဲက ထူးခြားတဲ့တိုက်ပွဲတွေအကြောင်း BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- ပဲခူးတိုင်း စစ်တောင်းမြစ်ဝှမ်းဒေသက ထူးခြားတဲ့ တိုက်ပွဲတွေအကြောင်း...

- ကရင်ပြည်နယ်တွင်းက ဒရုန်းတပ်ဖွဲ့တွေရဲ့ စွမ်းဆောင်ရည် ထူးခြားချက်...

- မော်လိုက်တိုက်ပွဲမှာ ၆၀ မမ နှစ်လက်၊ RPG တလက်အပါဝင် လက်နက်ငယ် ၁၀ လက်ခန့်အထိ သိမ်းမိတဲ့အကြောင်း...

- PDF နဲ့ ERO တွေ ဘယ်လောက်အထိ ပူးပေါင်းဆောင်ရွက်နိုင်နေပြီလဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ညနေပိုင်းမှာတော့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် မေးမြန်းချက် ဒုတိယ ပိုင်းကို ထုတ်လွှင့်ဖို့ စီစဉ်ထားပါတယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More