Saturday, July 22, 2023

“စီးပွားရေးအရ အခွန်ကောက်ချင်တာထက် နိုင်ငံရေးအရ လူထုကို ဖိနှိပ်ချင်တဲ့သဘေ...


“စီးပွားရေးအရ အခွန်ကောက်ချင်တာထက် နိုင်ငံရေးအရ လူထုကို ဖိနှိပ်ချင်တဲ့သဘောကပိုများနေပါတယ်”

- ဦးစိန်ဌေး (စီးပွားရေး ဝေဖန်သုံးသပ်သူ) 

(၂၃- ၇- ၂၀၂၃)

“အွန်လိုင်းကဈေးရောင်းတာကို တကမ္ဘာလုံးက ထောက်ခံအားပေးနေစဉ်မှာ မြန်မာစစ်ကောင်စီက ပိတ်ပင်မယ်၊ အခွန်ကောက်မယ်၊ မှတ်ပုံတင်လုပ်ရမယ်ဆိုပြီး အမိန့်ထုတ်လိုက်တာဟာ စီးပွားရေးအရ အခွန်ကောက်ချင်တာထက် နိုင်ငံရေးအရ လူထုကို ဖိနှိပ်ချင်တဲ့သဘောက ပိုများနေပါတယ်” လို့ စီးပွားရေးပညာရှင် ဦးစိန်ဌေး ကပြောပါတယ်။

စစ်ကောင်စီရဲ့ စီးပွား-ကူးသန်းဝန်ကြီးဌာနကနေ ဇူလိုင်လ (၂၁)ရက်နေ့က ထုတ်ပြန်လိုက်တဲ့ ထူးခြားတဲ့ကြေညာချက်၊ လူအတော်များများက ဝေဖန်နေတဲ့ ကြေညာချက်နဲ့ ပတ်သက်ပြီး... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ ...

- တကမ္ဘာလုံးက အွန်လိုင်းစီးပွားရေးကို အားပေးနေစဉ်မှာ စစ်ကောင်စီက ဘာကြောင့် အွန်လိုင်းကို ပိတ်ပင်နေတာလဲ...

- အွန်လိုင်းကနေဈေးရောင်းသူတွေကို မှတ်ပုံတင်လုပ်ခိုင်းခြင်းဟာ စီးပွားရေးအရလုပ်တာလား... နိုင်ငံရေးအရလုပ်တာလား...

- CDM ဝန်ထမ်းတွေ အွန်လိုင်းမှာ ဈေးရောင်းနေတယ်ကြားလို့ အခုလို ပိတ်ပင်တာလား...

- အွန်လိုင်းဈေးရောင်းခွင့် ပိတ်ပင်ခြင်းကြောင့် စီးပွားရေးလုပ်ငန်းတွေ ဘယ်လိုထိခိုက်နိုင်သလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(စစ်ကောင်စီရဲ့ အခုလို အနိုင်ကျင့်မှုကို လူထုက ဘယ်လိုခုခံကာကွယ်နိုင်မလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More