Wednesday, July 5, 2023

“တိုက်ပွဲတခုခုမှာ အလစ်အငိုက်ခံလိုက်ရတာမျိုးရှိပေမယ့် စစ်ပွဲကြီးတလုံးမှာတ...


“တိုက်ပွဲတခုခုမှာ အလစ်အငိုက်ခံလိုက်ရတာမျိုးရှိပေမယ့် စစ်ပွဲကြီးတလုံးမှာတော့ ကျနော်တို့ဖက်က အသာရနေပါတယ်”

- ဦးနိုင်ထူးအောင် - (အတွင်းဝန် - ကာကွယ်ရေးဝန်ကြီးဌာန - NUG)

(၅- ၇- ၂၀၂၃)

“အညာစစ်မျက်နှာက PDF စခန်းအချို့ကို စစ်ကောင်စီတပ်က အလစ်အငိုက်ဝင်တိုက်တာရှိပေမယ့် တနိုင်ငံလုံးအတိုင်းအတာနဲ့သွားနေတဲ့ တော်လှန်စစ်ပွဲကြီးတခုလုံးအနေအထားနဲ့ခြုံကြည့်မယ်ဆိုရင် နွေဦးတော်လှန်ရေးအင်အားစုတွေဖက်က အသာရနေပါတယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနာ (MoD) အတွင်းဝန် ဦးနိုင်ထူးအောင် ကပြောပါတယ်။

နွေဦးတော်လှန်ရေး ၂ နှစ်ခွဲကာလအတွင်း တိုးတက်မှုအနေအထား၊ ၂၀၂၃ ရဲ့ လက်ကျန် ၆ လအတွင်း စစ်ရေးအရ ဘယ်လောက်အထိမျှော်မှန်းနိုင်မလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...

- ERO ဆက်စပ်ဒေသမှာ မြို့သိမ်းတိုက်ပွဲအထိတိုးတက်နေပြီဖြစ်ပေမယ့် အညာစစ်မျက်နှာမှာ ခံနေရဆဲဖြစ်တာ ဘာကြောင့်လဲ...

- တနိုင်ငံလုံး ဟန်ချက်ညီ တိုက်ပွဲဖေါ်နိုင်အောင် ဘာတွေဆောင်ရွက်ဖို့ လိုအပ်နေသေးလဲ...

- ၂ နှစ်ခွဲတာကာလအတွင်း တော်လှန်ရေးခရီး ဘယ်အထိပေါက်နေပြီလဲ...

- ၂၀၂၃ ရဲ့ လက်ကျန် ၆ လအတွင်း စစ်ရေးအရ ဘယ်လောက်အထိ မျှော်လင့်နိုင်မလဲ...

- ပြည်တွင်း-ပြည်ပ လူထုထောက်ခံအားပေးမှု အရှိန်ကျ မသွားအောင် ဘယ်လိုဆက်ထိန်းကြမလဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ကချင်ပြည်နယ်ဖက်က တိုက်ပွဲအခြေအနေအကြောင်း- KIA ရဲ့ပြောကြားချက်ကိုတော့ မနက်ဖန်မှာ ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More