Tuesday, July 18, 2023

“အာဏာလိုချင်ရင် နတ်နေကိုင်းကိုသွားမထိနဲ့ဆိုတဲ့အယူအဆကို စိန်ခေါ်မှုတွေရှိ...


“အာဏာလိုချင်ရင် နတ်နေကိုင်းကိုသွားမထိနဲ့ဆိုတဲ့အယူအဆကို စိန်ခေါ်မှုတွေရှိလာနေပါတယ်”

- ဦးထူးချစ် (ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း - FED)

(၁၈- ၇- ၂၀၂၃)

“အာဏာလိုချင်ရင် နတ်နေကိုင်းကို သွားမထိနဲ့။ အာဏာရှိသူ၊ သြဇာရှိသူတွေပြောသမျှ ဟုတ်ဟုတ်မဟုတ်ဟုတ် ပြန်ငြင်းဆိုမှုမပြုပဲ လိုက်လျောညီထွေနေနိုင်မှ အာဏာရလိမ့်မယ်ဆိုတဲ့ အစဉ်အလာစဉ်းစားပုံကို ဒီနေ့ လူငယ်တွေက လက်မခံတော့ဘူးဆိုတာကို ထိုင်းနိုင်ငံရေးအပြောင်းအလဲမှာ မြင်တွေ့နေရပါတယ်။ မြန်မာလူငယ်တွေကလည်း ထိုင်းနိုင်ငံရေးပြောင်းလဲတိုးတက်မှုအပေါ် စိတ်ဝင်စားမှုတိုးလာနေတယ်” လို့ ထိုင်း- တောင်ပိုင်းအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း  (FED) ညွန်ကြားရေးမှူး ဦးထူးချစ် ကပြောပါတယ်။

ထိုင်းနိုင်ငံမှာ မနက်ဖန်ကျင်းပမယ့် ဒုတိယအကြိမ် ဝန်ကြီးချုပ်အသစ်ရွေးချယ်ပွဲမှာ မဲအများဆုံးအနိုင်ရထားတဲ့ Move Forward ပါတီခေါင်ေးဆာင် လုံလောက်တဲ့ ထောက်ခံမဲ ရနိုင်ပါ့မလား၊ မရနိုင်ဘူးဆိုရင် လုံလောက်တဲ့မဲ ရနိုင်ဖို့အတွက် နတ်နေကိုင်းကို သွားမထိပဲ နေသင့်သလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ်  သူကဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- မနက်ဖန် ဒုတိယ အကြိမ်မဲပေးပွဲမှာ Move Forward ပါတီခေါင်ေးဆာင် လုံလောက်တဲ့မဲ ၃၇၆ မဲ ရလာနိုင်ခြေရှိရဲ့လား...

- ဒုတိယ အကြိမ်မှာလည်း လုံလောက်တဲ့မဲ မရဘူးဆိုရင် ဒုတိယ မဲအများဆုံးရထားတဲ့ပါတီကို ဝန်ကြီးချုပ်တာဝန် လွဲပေးရတော့မလား...

- Move Forward ပါတီခေါင်ေးဆာင် ဝန်ကြီးချုပ်မဖြစ်ပဲ အခြားပါတီကဖြစ်လာရင် မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွေ ပြောင်းလဲသွားနိုင်သလား...

- ထိုင်းနိုင်ငံရေးပြောင်းလဲတိုးတက်နေမှုကေန မြန်မာစစ်တပ်နဲ့ မြန်မာ့ဒီမိုကရေစီအင်ာအားတွေက ဘာတွေ လေ့လာနိုင်မလဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More