Monday, July 24, 2023

“ကရင်နီတဖွဲ့တည်း တိုက်နေလို့မရဘူး၊ အဖွဲ့အားလုံး နွေဦးတော်လှန်ရေးမှာ ပူးပ...



“ကရင်နီတဖွဲ့တည်း တိုက်နေလို့မရဘူး၊ အဖွဲ့အားလုံး နွေဦးတော်လှန်ရေးမှာ ပူးပေါင်းပါဝင်ဖို့လိုပါတယ်”

- ဗညားခွန်အောင် (ကရင်နီ လူ့အခွင့်အရေးအဖွဲ့ - KHRG)

(၂၅- ၇- ၂၀၂၃)

“ကရင်နီဒေသမှာ တိုက်ပွဲတွေပြင်းထန်ပြီး အောင်မြင်မှုတွေရနေပေမယ့် ဒါဟာ တနိုင်ငံလုံးအတွက် အဆုံးအဖြတ်တိုက်ပွဲ မဟုတ်သေးဘူး။ တနိုင်ငံလုံးလွတ်မြောက်ချင်ရင် တနိုင်ငံလုံးရှိ ပြည်နယ်-တိုင်း ၁၄ ခုစလုံးက ဒီမိုကရေစီနဲ့ ဖက်ဒရယ်လိုလားသူတိုင်း တော်လှန်ရေးထဲပါဝင်ဖို့လိုတယ်၊ အထူးသဖြင့် ကရင်နီနဲ့ဆက်စပ်ဒေရှိ အဖွဲ့အစည်းတွေ လူထုတော်လှန်ရေးထဲ ပါဝင်လာဖို့လိုတယ်” လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ဗညားခွန်အောင် ကပြောပါတယ်။

ကရင်နီဒေသက စစ်ဘေးရှောင် တသောင်းနီးပါးအထိ ထိုင်းနိင်ငံထဲ ထွက်ပြေးနေရတာ၊ ကရင်နီဒေသအတွင်း တိုက်ပွဲတွေပြင်းထန်နေတာ၊ IDP တွေ အိမ်ပြန်နိုင်မယ့် အလားအလာတွေနဲ့ပတ်သက်ပြီး... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- ကရင်နီဒေသက စစ်ဘေးရှောင် တသောင်းနီးပါးအထိ ထိုင်းနိုင်ငံထဲ ထွက်ပြေးလာရတဲ့ နောက်ဆုံးအခြေအနေ...

- စစ်ဘေးရှောင်တွေအပေါ် ထိုင်းအစိုးရရဲ့ မူဝါဒ နည်းနည်းပျော့ပြောင်းလာသလား...

- မယ်စဲ့အပါဝင် ဒေသအတော်များများမှာ တိုက်ပွဲတွေပြင်းထန်နေဆဲလား...

- ကရင်နီဒေသဆီ စစ်ကောင်စီတပ်တွေ ထောင်နဲ့ချီထိုးစစ်ဆင်နေခြင်းဟာ ဆက်စပ်ဒေသတွေမှာ ဟန်ချက်ညီ တိုက်ပွဲမဖေါ်နိုင်တာကြောင့်လား...

- IDP တွေ အိမ်ပြန်နိုင်ရေး၊ နွေဦးတော်လှန်မှုအောင်နိုင်ရေးတွေအတွက် ကရင်နီစစ်မျက်နှာက ဘယ်လောက်အရေးကြီးသလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More