“စခန်းပြန်သိမ်းဖို့ဆိုပြီး နိမ့်နိမ့်လေးဆင်းလာချိန်မှာ ပွိုင့် 5 နဲ့ ထိသွားတယ် ထင်ပါတယ်”
- ရဲဘော်လောရင်းစိုး (ပြောခွင့်ရပုဂ္ဂိုလ် - ကလလတ)
(၂- ၇- ၂၀၂၃)
“လက်နက်ကိုင်တော်လှန်ရေးအဇွဲ့တွေအားလုံး ပူးပေါင်းပြီး ဘုံရန်သူတခုတည်းကို ဦးတည်တိုက်ရင် အောင်ပွဲရတယ်ဆိုတာ ဒီနေ့ မယ်စဲ့တိုက်ပွဲက သက်သေပြနေပါတယ်” လို့ ကရင်နီပြည် လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) ပြောခွင့်ရပုဂ္ဂိုလ် ရဲဘော်လောရင်းစိုး ကပြောပါတယ်။
ဇွန်လ ၁၃ ရက်ကစပြီး မယ်စဲ့အခြေစိုက် နယ်ခြားစပ်တပ်ဟာ မူလအမည် -ကလလတ-အဖြစ် အမည်ပြန်ပြောင်းပြီး စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်မှု၊ လက်ရှိ မယ်စဲ့မြို့ကို ထိန်းချုပ်ထားမှုအနေအထား၊ စစ်ကောင်စီတိုက်လေယာဉ်ကို ပစ်ချနိုင်မှု... စတဲ့ အခြေအနေ တွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။
အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ ...
- နှစ် ၃၀ ကြာ အပစ်ရပ်ထားတဲ့ ကလလတ ဘာကြောင့် စစ်ကောင်စီကို ပြန်တိုက်တာလဲ....
- မယ်စဲ့မြို့နယ်တခုလုံးကို တော်လှန်ရေးတပ်တွေက ထိန်းထားလိုက်ပြီလား...
- စစ်ကောင်စီတပ်ရဲ့ ဗုံးကျဲလေယာဉ်ဟာ ပွိုင့်-5 လက်ချမိပြီး ပျက်ကျသွားတာလား...
- မယ်စဲ့စစ်မြေပြင်မှာ ဘယ်တပ်ဖွဲ့တွေ ပါဝင်တိုက်ခိုက်နေသလဲ....
- တော်လှန်ရေးတပ်တွေ အားလုံးညီညွတ်ရင် မယ်စဲ့လို အောင်ပွဲရမယ်လို့ ဘာကြောင့် ပြောတာလဲ...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
(အခြား နယ်ခြားစောင့်တွေ ကလလတ လိုဖြစ်လာနိုင်သလား ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)
(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။
0 comments:
Post a Comment