Tuesday, July 25, 2023

“ချုံခိုတိုက်ပွဲရော၊ စခန်းသိမ်းတိုက်ပွဲတွေမှာပါ ကျနော်တို့ဘက်က အောင်မြင်...



“ချုံခိုတိုက်ပွဲရော၊ စခန်းသိမ်းတိုက်ပွဲတွေမှာပါ ကျနော်တို့ဘက်က အောင်မြင်မှု ပိုရလာနေပါတယ်”

- ဦးမောင်မောင်ဆွေ (ပြောခွင့်ရပုဂ္ဂိုလ် - ကာကွယ်ရေးဝန်ကြီးဌာန - NUG)

(၂၆- ၇- ၂၀၂၃)

“ပဲခူးတိုင်းအတွင်းက စစ်ကောင်စီ စစ်ကြောင်းတခုကို ERO နဲ့ PDF ပူးတွဲတပ်ဖွဲ့တွေက ချုံခိုတိုက်ခိုက်တဲ့ တနာရီကြာ တိုက်ပွဲတခုတည်းမှာတင် စစ်ကောင်စီဘက်က ၃၀ ကျော်ကျဆုံးပြီး ၄၀ ကျော်ဒဏ်ရာရခဲ့တာမျိုးရှိတယ်။ ဒါဟာ ERO တွေရဲ့ ဗျုဟာကောင်းတာအပြင် PDF တွေရဲ့ နယ်မြေကျွမ်းကျင်မှုကြောင့်ဖြစ်တယ်” လို့ အမျိုုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MoD) ပြောခွင့်ရပုဂ္ဂိုလ် ဦးမောင်မောင်ဆွေကပြောပါတယ်။

MoD က ထုတ်ပြန်ထားတဲ့ ပြီးခဲ့တဲ့သီတင်းပတ် တိုက်ပွဲသတင်းတွေထဲက ချေမှုန်းရေးပါတဲ့ ချုံခိုတိုက်ပွဲတွေ၊ စခန်းသိမ်းတိုက်ပွဲတွေနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်က တိုက်ပွဲမှာ စစ်ကောင်စီဘက်က ဘာကြောင့် ၃၀ ကျော်သေပြီး ၄၀ ကျော်အထိ ဒဏ်ရာရခဲ့သလဲ...

- မြဝတီမြို့က တာဝါတိုင်စခန်းသိမ်းတိုက်ပွဲဟာ ဗျုဟာအရ ဘယ်လောက်အထိ အရေးပါသလဲ...

- မကွေး-ချင်းအစပ်ရှိ ဆောမြို့နယ်က တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ဘယ်လောက်အထိခိုက်များနေသလဲ....

- အညာဒေသရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က မီးမရှို့နိုင်အောင် ဘယ်လို ကာကွယ်ကြမလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More