Wednesday, July 5, 2023

“လိုင်ဇာနဲ့ ၁၀ မိုင်အကွာအထိ စစ်ကောင်စီက ထိုးဝင်လာလို့ ကျနော်တို့ဘက်က ခုခ...



“လိုင်ဇာနဲ့ ၁၀ မိုင်အကွာအထိ စစ်ကောင်စီက ထိုးဝင်လာလို့ ကျနော်တို့ဘက်က ခုခံတိုက်ခိုက်ရတာပါ“

- ဗိုလ်မှူးကြီးနော်ဘူ (KIO/ KIA ပြန်ကြားရေးအရာရှိ)

(၆- ၇- ၂၀၂၃)

“စစ်ကောင်စီတပ်တွေက လိုင်ဇာဌာနချုပ်နဲ့ ၁၀ မိုင်အကွာရှိ နမ်ဆန်ယန်ရွာနားအထိ ထိုးဝင်လာတဲ့အတွက် KIA ဖက်က ပြန်လည်ခုခံတိုက်ခိုက်ရတာဖြစ်တယ်။ တရုတ်အရာရှိယာဉ်တန်းကို KIA က ပစ်ခတ်တယ်ဆိုတဲ့ စစ်ကောင်စီရဲ့ စွပ်စွဲချက်ဟာ မှန်ကန်ခြင်းမရှိဘူး” လို့ ကချင်လွတ်လပ်ရေးအဖွဲ့  (KIO/ KIA) ပြန်ကြားရေးအရာရှိ ဗိုလ်မှူးကြီးနော်ဘူ ကပြောပါတယ်။

ကချင်ပြည်နယ်က တိုက်ပွဲအခြေအနေ၊ စစ်ကောင်စီရဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- နမ်ဆန်ယန်ရွာက တိုက်ပွဲအခြေအနေ ဘယ်လိုရှိသလဲ...

- စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ဒေသခံလူထု ထိခိုက်မှုရှိသလား...

- တရုတ်အရာရှိ ယာဉ်တန်း ပစ်ခတ်ခံရမှု ဘယ်သူ့လက်ချက်လဲ...

- နယ်မြေရှင်းလင်းရေးလား...  KIO ဌာနချုပ်အထိတိုက်ဖို့ စစ်ကောင်စီက ရည်ရွယ်နေတာလား...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာလိုင်း အခက်အခဲ၊ အချိန်အခက်အခဲကြောင့် တိုက်ရိုက်မေးမြန်းခွင့်မရပဲ အသံဖွိုင်နဲ့ မေးမြန်းထားတာဖြစ်ပါတယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More