Sunday, July 9, 2023

“ထန်တလန်မှာရော၊ ပလက်ဝမှာပါ စစ်ကောင်စီဖက်က အကျအဆုံးများနေပါတယ်”



“ထန်တလန်မှာရော၊ ပလက်ဝမှာပါ စစ်ကောင်စီဖက်က အကျအဆုံးများနေပါတယ်” - ဆလိုင်းထက်နီ -(ပြောခွင့်ရပုဂ္ဂိုလ် - ချင်းအမျိုးသားတပ်ဦး - CNF) (၉ - ၇- ၂၀၂၃) “ထန်တလန်နဲ့ ဟားခါးကြားကတိုက်ပွဲမှာ စစ်ကောင်စီဖက်က ၁၅ ဦးခန့်ကျဆုံးပြီး ပလက်ဝဖက်မှာ ၄ ဦးကျတယ်။ မြေပြင်မှာ အထိနာနေလို့ လေယာဉ်တွေ ပိုသုံးလာနေတာဖြစ်တယ်” လို့ ချင်းအမျိုးသားတပ်ဦး (CNF) ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းထက်နီ ကပြောပါတယ်။ ချင်းပြည်နယ်က ထူးခြားတဲ့တိုက်ပွဲအခြေအနေ၊ သံချပ်ကားတွေ မီးရှို့ဖျက်ဆီးနိုင်မှုနဲ့ ကရင်နီဖက်က မြို့သိမ်းတိုက်ပွဲအပေါ် သဘောတားအမြင်တွေကို BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။ အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ... - ထန်တလန်နဲ့ဟားခါးကြားက တလကျော်ကြာလာပြီဖြစ်တဲ့ ရင်ဆိုင်တိုက်ပွဲနောက်ဆုံးအခြေအနေ... - ပလက်ဝက စခန်းသိမ်းတိုက်ပွဲအကြောင်း... - စစ်ကောင်စီရဲ့ သံချပ်ကာယာဉ်တန်းကို ဖျက်ဆီးနိုင်မှုအတွက် NUG က သိန်း လေးထောင် ပေးအပ်မှု... - ကရင်နီဒေသက မယ်စဲ့တိုက်ပွဲဟာ တော်လှန်ရေးတပ်ပေါင်းစုအတွက် အရေးကြီးတဲ့ အောင်ပွဲလား... - ၂၀၂၃ ခုနှစ် လက်ကျန် ၆ လအတွင်း စစ်ရေးအသာရမှု ဘယ်လောက်အထိ မျှော်လင့်နိုင်မလဲ.... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ (အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More