Monday, July 3, 2023

“ဒီပွဲဟာ အရေးကြီးတဲ့အတွက် အားလုံးလက်တွဲပါဝင်ကြစေချင်ပါတယ်”


“ဒီပွဲဟာ အရေးကြီးတဲ့အတွက် အားလုံးလက်တွဲပါဝင်ကြစေချင်ပါတယ်”

- ရဲဘော်လောရင်းစိုး (ပြောခွင့်ရပုဂ္ဂိုလ် - ကလလတ)

(၃- ၇- ၂၀၂၃)

“ဒီနေ့ နွေဦးတော်လှန်ရေးတိုက်ပွဲဟာ တိုင်းပြည်အနာဂတ်အတွက်အရေးကြီးတဲ့အတွက် အင်အားစုအားလုံး လက်တွဲပါဝင်စေချင်တယ်။ ဖက်ဒရယ်နဲ့ ဒီမိုကရေစီအတွက် ပြည်သူနဲ့အတူလက်တွဲမလား- ဒါမှမဟုတ် ကိုယ်ကျိုးစီးပွားအတွက် လူသတ်စစ်ကောင်စီနဲ့ လက်တွဲမလားဆိုတာကို ပြတ်ပြတ်သားသား ဆုံးဖြတ်ရမယ့်အချိန်ဖြစ်တယ်” လို့ ကရင်နီပြည် လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) ပြောခွင့်ရပုဂ္ဂိုလ်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ရဲဘော်လောရင်းစိုး ကပြောပါတယ်။

ဇွန်လ ၁၃ ရက်နေ့မှာ ကရင်နီပြည် မယ်စဲ့အခြေစိုက် နယ်ခြားစပ်တပ် “ကလလတ” ခေါ် ကရင်နီပြည် လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦးက စစ်ကောင်စီကို ပြန်တိုက်သလိုမျိုး အခြားနယ်ခြားစောင့်တပ်တွေလည်း ပြန်တိုဖို့လိုအပ်နေပြီမဟုတ်လား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...

- နွေဦးတော်လှန်ရေးအတွင်း -ကလလတ-ပါလာခြင်းက နိုင်ငံရေး-စစ်ရေးအရ ဘယ်လောက်အရေးကြီးသလဲ...

- နှစ် ၃၀ ကြာ အပစ်ရပ်ထားရာကနေ တိုက်ပွဲပြန်ဖော်နိုင်အောင် ဘယ်လိုပြင်ဆင်ခဲ့ရသလဲ...

- အင်အားစုအားလုံး ဒီနေ့တော်လှန်ရေးမှာ လက်တွဲပါဝင်ဖို့ ဘာကြောင့်အရေးတကြီး လိုအပ်နေသလဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(မနက်ဖန်မှာတာ့ အမျိုးသားညီညွတ်ရေးအစိုးရ MoD တာဝန်ရှိသူနှင့် မေးမြန်းချက်ကို ထုတ်လွှင့်ဖို့ စီစဉ်ထားပါတယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More