“စစ်ကောင်စီက ကန့်ကွက်စာတင်တဲ့အချိန်မှာကို ကျမက အရှေ့တီမောသမ္မတကြီးနဲ့ အတူ ရှိနေတာပါ”
- ဒေါ်ဇင်မာအောင် (နိုင်ငံခြားရေးဝန်ကြီး - အမျိုးသားညီညွတ်ရေးအစိုးရ - NUG)
(၉ - ၇ -၂၀၂၃)
“စစ်ကောင်စီက ကန့်ကွက်စာတင်တဲ့အချိန်မှာကို ကျမက အရှေ့တီမောသမ္မတကြီးနဲ့အတူရှိနေတာပါ။ ဒါဟာ NUG ကို နိုင်ငံတခုက ပထမ ဆုံးအကြိမ် တရားဝင်ဖိတ်ကြားတဲ့အတွက် သံတမန်ရေးအရအရေးကြီးတဲ့အပြင် နွေဦးတော်လှန်ရေးမှာပါဝင်နေသူတွေကို စိတ်ဓာတ်ခွန်အားလည်းအများကြီးရစေပါတယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ကပြောပါတယ်။
ဇူလိုင်လ ၁ ရက်နေ့က အရှေ့တီမော (တီမောလက်စတေး) နိုင်ငံမှာကျင်းပတဲ့ အစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲသို့ စစ်ကောင်စီကို မဖိတ်ပဲ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးကိုသာ ဖိတ်ကြားတဲ့အခြေအနေ၊ လက်ရှိ မြန်မာ့နိုင်ငံရေးအပေါ် အာဆီယံနဲ့ နိုင်ငံတကာက ဖိအားပေးနိုင်မှုအခြေအနေတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် ဒီလိုဖြေကြားတာပါ။
အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ ...
- အရှေ့တီမောနိုင်ငံ အစိုးရသစ်ကျမ်းသစ္စာကျိန်ဆိုပွဲသို့ NUG ဝန်ကြီးအား ဖိတ်ကြားတာဟာ နိုင်ငံရေးအရ ဘယ်လိုအဓိပါယ်ဆောင်သလဲ...
- ဒီလိုဖိတ်ကြားတဲ့အပေါ် စစ်ကောင်စီက ဘာကြောင့်ကန့်ကွက်တာလဲ...
- အရှေ့တီမော အာဆီယံအဖွဲ့ဝင်ဖြစ်လာရင် မြန်မာ့ဒီမိုကရေစီအရေးအတွက် ပိုအားကောင်းလာနိုင်သလား...
- လက်ရှိ အာဆီယံကပြောနေတဲ့ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲဆိုတာ တကယ်ဖြစ်လာနိုင်ခြေရှိရဲ့လား...
- လူသားချင်းစာနာမှာအကူအညီတောင် လက်မခံတဲ့ စစ်ကောင်စီထံက နိုင်ငံရေးဆွေးနွေးမှု ရလာနိုင်တယ်လို့မျှော်လင့်နေခြင်းဟာ စိတ်ကူးယဉ်သက်သက်လား...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
(အိမ်နီးချင်း ထိုင်းအစိုးရသစ်ဆီကနေ ဘာများမျှော်လင့်နိုင်မလဲ...၊ နိုင်ငံတကာဖိအားက ဒါ လက်ကုန်ပဲလား... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)
(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။
0 comments:
Post a Comment