Sunday, July 30, 2023

“စစ်ကောင်စီရဲ့ လုပ်ရပ်တွေကိုဆန့်ကျင်ပြီး နွေဦးတော်လှန်ရေးထဲ တက်ညီလက်ညီ ပ...



“စစ်ကောင်စီရဲ့ လုပ်ရပ်တွေကိုဆန့်ကျင်ပြီး နွေဦးတော်လှန်ရေးထဲ တက်ညီလက်ညီ ပါဝင်ဖို့လိုပါတယ်”

- ပဒိုစောကလယ်စေး (ပြောခွင့်ရပုဂ္ဂိုလ် - ကရင့်အမျိုးသားအစည်းအရုံး - KNU)

(၃၀ -၇ - ၂၀၂၃)

“စစ်ကောင်စီက လုပ်ဆောင်နေတဲ့ ဝါဒဖြန့်ချီရေးဟာ ဝါဒဖြန့်ချီရေးသက်သက်သာဖြစ်တဲ့အတွက် ဘယ်တော့မှ လက်တွေ့ဖြစ်လာမှာမဟုတ်ဘူး။ တိုင်းပြည်အပြောင်းအလဲဟာ  မျိုးဆက်သစ်လူငယ်တွေရဲ့လက်ထဲမှာ ရှိတယ်ဆိုတာကို အခိုင်အမာယုံကြည်ပြီး တော်လှန်ရေးကိုအရှိန်မြှင့်သွားဖို့လိုတယ်” လို့ ကရင့်အမျိုးသားအစည်းအရုံး (KNU) ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောကလယ်စေး က ပြောပါတယ်။

နွေဦးတော်လှန်ရေး ၂ နှစ်ခွဲနီးပါးကြာလာချိန်မှာ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချပြီး တော်လှန်ရေးကိုသွေးခွဲဖို့ကြံနေတာ၊ ဝါဒဖြန့်ချီရေးတွေ အရှိန်မြှင့် လုပ်ဆောင်လာနေတာတွေနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...

- ကရင်ပြည်နယ်တွင်းက စစ်ဘေးရှောင် ၆ သိန်းခန့်ကို ဘယ်လိုကူညီပေးနေကြသလဲ...

- နယ်စပ်ဖြတ် အကူအညီပေးရေး ပိုအဆင်ပြေလာနိုင်သလား...

- စစ်ကောင်စီနဲ့ ဆွေးနွေးစကားပြောရမယ့်အချိန်မဟုတ်ဘူးလို့ ဘာကြောင့်ပြောတာလဲ...

- ဒေါ်အောင်ဆန်းစုကြည်ကိုအသုံးချပြီး စစ်ကောင်စီက ဝါဒဖြန့်ဆောင်ရွက်လာမှုအပေါ် ဘယ်လိုတုန့်ပြန်ကြမလဲ...

- မျိုးဆက်သစ်လူငယ်တွေရဲ့ ရပ်တည်ချက်ဟာ နွေဦးတော်လှန်ရေးရဲ့ အဓိက မောင်းနှင်အားလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More