Thursday, July 13, 2023

“တိုင်းပြည်နဲ့ လူမျိုးကို ထိခိုက်နစ်နာအောင် မလုပ်ဘူးဆိုတဲ့ ရပ်တည်ချက်ကို...



“တိုင်းပြည်နဲ့ လူမျိုးကို ထိခိုက်နစ်နာအောင် မလုပ်ဘူးဆိုတဲ့ ထိုင်းစစ်တပ်ရဲ့ ရပ်တည်ချက်ကို မြန်မာစစ်တပ်က လေ့လာနိုင်ပါတယ်”

- ဦးထူးချစ် (ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း - FED)

(၁၃- ၇- ၂၀၂၃)

“အိမ်နီးချင်း ထိုင်းနိုင်ငံမှာ စစ်အာဏာသိမ်းမှု အကြိမ်များစွာ ဖြစ်ခဲ့ဖူးပေမယ့် မြန်မာစစ်တပ်လို တိုင်းပြည်နဲ့ လူမျိုးအပေါ် ဒုက္ခမပေးဘူး၊ စီးပွားရေး ကျဆင်းအောင်၊ ပညာရေး၊ ကျန်းမာရေး ထိခိုက်အောင်မလုပ်ဘူး၊ ဒီအချက်တွေကို ထိုင်းစစ်တပ်ဆီကနေ မြန်မာစစ်တပ်က လေ့လာနိုင်မယ် ထင်ပါတယ်” လို့ ထိုင်း တောင်ပိုင်း အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) ညွန်ကြားရေးမှူး ဦးထူးချစ်က ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ဒီနေ့ ကျင်းပမယ့် ဝန်ကြီးချုပ်အသစ် ရွေးချယ်ပွဲမှာ မဲအများဆုံး အနိုင်ရထားတဲ့ Move Forward ပါတီခေါင်ေးဆာင် တကယ်ဖြစ်လာနိုင်ခြေ ရှိရဲ့လား။ သူ မဖြစ်လာရင် နိုင်ငံရေး မငြိမ်သက်မှုတွေ ဖြစ်လာနိုင်သလား၊ ဒီလို နိုင်ငံရေး မငြိမ်သက်မှုတွေကြားမှာ အာဏာသိမ်းဖို့ မကြိုးစားတဲ့ ထိုင်းစစ်တပ်ဆီကနေ အာဏာသိမ်း မြန်မာစစ်တပ်က ဘာတွေ လေ့လာသင့်သလဲ … စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...
- ထိုင်း နိုင်ငံရေး အပြောင်းအလဲအပေါ် မြန်လူထု စိတ်ဝင်စားမှု ဘယ်လောက်ရှိသလဲ ...
- Move Forward ပါတီ ခေါင်းဆောင် ဝန်ကြီးချုပ် ဖြစ်မလာဘူးဆိုရင် နောက်ဆက်တွဲ ပြဿနာ ဘာတွေ ဆက်ဖြစ်လာနိုင်သလဲ ...
- လူထုက ရွေးချယ်ထားသူ ဝန်ကြီးချုပ်ဖြစ်ခွင့် ရှိမရှိဆိုတာကို လူထုက ရွေးချယ်ထားခြင်းမရှိတဲ့ စစ်တပ် ကိုယ်စားလှယ် အမတ် ၂၅၀ က ဆုံးဖြတ်မယ်ဆိုရင် မဲဆန္ဒရှင်တွေက ဘယ်လိုတုံ့ပြန်လေမလဲ ...
- ထိုင်း နိုင်ငံရေး အပြောင်းအလဲအပေါ် မြန်မာအာဏာသိမ်း စစ်ကောင်စီက ဘာတွေများ လေ့လာနိုင်ဖွယ်ရှိမလဲ ...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
(ဇူလိုင် ၁၂ ရက် ညနေပိုင်းက မေးမြန်းထားချက်ဖြစ်ပါတယ်။ မေးမြန်းချက်ထဲ ညွှန်းဆိုဖော်ပြတဲ့ မနက်ဖြန်ဆိုတာဟာ ဒီနေ့၊ ဇူလိုင် ၁၃ ရက်၊ ကြာသပတေးနေ့ကို ဆိုလိုပါတယ်။ ညနေပိုင်းမှာ ထိုင်းအစိုးရဟောင်းနဲ့ အာဆီယံအစည်းဝေးအကြောင်း ဒုတိယပိုင်းကို ထုတ်လွှင့်ပါမယ်)
(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More