Tuesday, July 11, 2023

“စစ်ကြောင်းတွေကို ရင်ဆိုင်တိုက်တဲ့အပြင် စစ်ကောင်စီရဲ့အခြေစိုက်စခန်းတွေထဲ...



“စစ်ကြောင်းတွေကို ရင်ဆိုင်တိုက်တဲ့အပြင် စစ်ကောင်စီရဲ့အခြေစိုက်စခန်းတွေထဲအထိ ဝင်တိုက်နေပြီဖြစ်တယ်“

- ဗိုလ်နဂါး (ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် - စစ်ကိုင်းတိုင်း)

(၁၁- ၇- ၂၀၂၃)

“အညာစစ်မျက်နှာရှိ ဒေသခံတော်လှန်ရေးတပ်စခန်း တခုစ၊ နှစ်ခုစ တိုက်ခိုက်ခံရတာမျိုးရှိခဲ့ပေမယ့် တစုံလုံးကိုခြုံကြည့်ရင် PDF တွေမှာ လက်နက်အင်အား၊ လူအင်အား၊ စုဖွဲ့မှုအား ပိုကောင်းလာနေပြီး စစ်ကောင်စီ စစ်ကြောင်းကို ရင်ဆိုင်တိုက်တဲ့အပြင် စစ်ကောင်စီအခြေစိုက်စခန်းတွေထဲအထိ ဝင်ရောက်တိုက်ခိုက်နေပြီဖြစ်တယ်” လို့ စစ်ကိုင်းတိုင်း ပုလဲနယ်က ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်တဦးဖြစ်သူ ဗိုလ်နဂါး ကပြောပါတယ်။

အညာဒေသမှာ လက်နက်ကိုင်တော်လှန်ရေးအရှိန်ကောင်းနေပေမယ့် PDF စခန်းအချို့ တိုက်ခိုက်ခံရတာ၊ ရွာမီးရှို့ခံရမှုကို မကာကွယ်နိုင်သေးတာ၊ ERO တွေနဲ့ ဆက်စပ်မှုအားနည်းနေသေးတာတွေနဲ့ပတ်သက်ပြီး...BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ်  သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ ...

- အညာဒေသမှာ လက်နက်ကိုင်တိုက်ပွဲနဲ့အတူ လူထုဆန္ဒပြပွဲတွေ ပိုအားကောင်းလာနေတာ ဘာကြောင့်လဲ...

- ဒေသခံ PDF စခန်းအချို့ တိုက်ခိုက်ခံရတာ လုံခြုံရေးဖက်မှာ ဘာတွေအားနည်းချက်ရှိခဲ့လို့လဲ...

- အညာစစ်မျက်က PDF တွေလည်း ERO ဆက်စပ်ဒေသက PDF တွေလိုပဲ စခန်းသိမ်းတိုက်ပွဲ ဆင်နွဲနိုင်နေပြီလား...

- စစ်ကောင်စီတပ်တွေရဲ့ ရွာမီးရှို့မှုကို တော်လှန်ရေးတပ်တွေဖက်က မတားဆီးနိုင်သေးတာ ဘာကြောင့်လဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(တော်လှန်ရေးတပ်ပေါင်းစုရဲ့ မယ်စဲ့မြို့သိမ်းတိုက်ပွဲက အညာက ရဲဘော်တွေကို ဘယ်လောက်အထိ ခွန်အားဖြစ်စေသလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More