Thursday, July 13, 2023

“အာဆီယံ ဆုံးဖြတ်ချက်ကို မလိုက်နာတဲ့ စစ်ကောင်စီကို ဘယ်လိုအရေးယူမှာလဲ”



“အာဆီယံ ဆုံးဖြတ်ချက်ကိုလည်း မလိုက်နာ၊ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကိုလည်း မလိုက်နာတဲ့ စစ်ကောင်စီကို ဘယ်လိုအရေးယူမှာလဲ”

- ဒေါ်ခင်ဥမ္မာ (ရှေ့ပြေးအသံအဖွဲ့ - Progressive Voice)

(၁၃- ၇- ၂၀၂၃)

“အာဆီယံ မူ ၅ ချက်ကိုလည်း မလိုက်နာ၊ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်ကိုလည်း မလိုက်နာတဲ့ စစ်ကောင်စီကို အာဆီယံ၊ အမေရိကန်၊ အီးယူနဲ့ ကုလသမဂ္ဂကတို့က ဘယ်လို အရေးယူမှာလဲ။ အာဆီယံက ဆောင်ရွက်ပါလိမ့်မယ်ဆိုပြီး အင်အားကြီးနိုင်ငံတွေက အာဆီယံနောက်မှာ ဆက်ပုန်းနေမှာလား။ အားလုံးပူးပေါင်းပြီး ထိရောက်စွာ အရေးယူရမယ့်အချိန် ရောက်နေပြီ မဟုတ်လား” လို့ ရှေ့ပြေးအသံအဖွဲ့  (Progressive Voice) တည်ထောင်သူ ဒေါ်ခင်ဥမ္မာ ကပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာကျင်းပနေတဲ့ အာဆီယံအစည်းအဝေးနဲ့ ဆွေးနွေးဖက် အင်အားကြီးနိုင်ငံတွေဆီကနေ စစ်ကောင်စီကို ဘယ်လိုဖိအားပေးဖို့မျှော်လင့်ထားသလဲ၊ မြန်မာလူထုက နိုင်ငံတကာအပေါ် ဘာများဆက်ပြီးမျှော်လင့်နိုင်မလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ်  ဒေါ်ခင်ဥမ္မာက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...

- အာဆီယံနဲ့ အမေရိကန်ဆွေးနွေးပွဲကနေ မြန်မာနိုင်ငံအတွက် ဘာများမျှော်လင့်နိုင်မလဲ...

- ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ဆောင်ရွက်မှုတွေက အာဆီယံမှာ ဘုံသဘောတူညီချက် မရှိဘူးဆိုတာကို ပြသနေခြင်းလား...

- အာဆီယံက မလုပ်နိုင်ရင် အမေရိကန်နဲ့ ကုလ လုံခြုံရေးကောင်စီက တကယ်ဆောင်ရွက်ပေးမှာလား...

- နိုင်ငံတကာသံတမန်တွေငြင်းခုံနေစဉ်မှာ တိုင်းပြည်တဝက်လောက်ကို PDF တွေက သိမ်းပြနိုင်ခြေရှိနေပြီလား...

- အာဆီယံ ထိပ်သီးအစည်းဝေးနဲ့ ကုလ- ညီလာခံအမီ နွေဦးတော်လှန်ရေးအင်အားစုတွေဖက်က သံတမန်ရေးအရ ဘယ်လိုပြင်ဆင်မှုတွေလုပ်ဖို့လိုအပ်နေသလဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(စစ်ကိုင်းတိုင်းက PDF ခေါင်းဆောင် ဗိုလ်နဂါးနှင့် မေးမြန်းချက် ဒုတိယပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More