Monday, July 10, 2023

“တရစ်ခြင်း ကျပ်နေရုံနဲ့မရဘူး၊ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်အတိုင်း အစွမ်...



“တရစ်ခြင်း ကျပ်နေရုံနဲ့မရဘူး၊ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်အတိုင်း အစွမ်းကုန် ဖိအားပေးဖို့လိုပါတယ်”

- ဒေါ်ဇင်မာအောင် (နိုင်ငံခြားရေးဝန်ကြီး - အမျိုးသားညီညွတ်ရေးအစိုးရ - NUG)

(၁၀- ၇- ၂၀၂၃)

“အမေရိကန်အပါဝင် နိုင်ငံတကာအဖွဲ့အစည်းတွေက ပြသာနာတခုချင်းအပေါ်မူတည်ပြီး စစ်ကောင်စီကို တရစ်ခြင်းကျပ်နေပေမယ့် ဒီလောက်နဲ့အလုပ်မဖြစ်ဘူး။ ကုလသမဂ္ဂ လုံခြုံကောင်စီဆုံးဖြတ်ချက်အတိုင်း နိုင်ငံတွေအားလုံးက တညီတညွတ်တည်းနဲ့ စစ်ကောင်စီကို အစွမ်းကုန်ဖိအားပေးဖို့လိုပါတယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ကပြောပါတယ်။

လာမယ့်ရက်ပိုင်းအတွင်း ကျင်းပဖို့ရှိနေတဲ့ အားဆီယံ အစည်းအဝေး၊ အမေရိကန်နိုင်ငံခြးရေးဝန်ကြီးနဲ့ အာဆီယံခေါင်းဆောင်တွေတွေ့ဆုံတဲ့အခါ စစ်ကောင်စီအပေါ် ဘယ်လောက်အထိ ဖိအားပေးနိုင်မလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...

- ထိုင်းအစိုးရသစ်အပေါ် NUG က ဘယ်လိုမျှော်လင့်ထားသလဲ...

- အာဆီယံနဲ့ အမေရိကန်က စစ်ကောင်စီကို တရစ်ခြင်း ကျပ်နေရုံနဲ့ အလုပ်ဖြစ်ပါ့မလား...

- NDAA ဥပဒေထဲက အကူအညီတွေ ဘယ်တော့ရမှာလဲ...

- ကရင်နီပြည်နယ်ဟာ နွေဦးတော်လှန်ရေးအတွက် စံပြပြည်နယ် ဖြစ်လာနေပြီလား...

- ၂၀၂၃ ခုနှစ် လက်ကျန် ၆ လအတွင်း တော်လှန်ရေးအရှိန် ဘယ်လောက်အထိ တက်လာနိုင်မလဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More