Saturday, July 29, 2023

“စိတ်ဓာတ်ရော၊ နည်းပညာဖက်မှာပါ သူတို့က ကျနော်တို့ လူငယ်တွေကို မယှဉ်နိုင်တ...


“စိတ်ဓာတ်ရော၊ နည်းပညာဖက်မှာပါ သူတို့က ကျနော်တို့ လူငယ်တွေကို မယှဉ်နိုင်တော့လို့ အခုလို အကျအဆုံးများလာတာဖြစ်တယ်”

- ပဒိုစောကလယ်စေး (ပြောခွင့်ရပုဂ္ဂိုလ် - ကရင့်အမျိုးသားအစည်းအရုံး - KNU)

(၂၉ -၇ - ၂၀၂၃)

“စစ်ကောင်စီတပ်ဘက်က တပ်ရင်းမှူးအဆင့်အပါဝင် ထောင်နဲ့ချီကျဆုံးရတာဟာ တိုက်ပွဲအတွေ့အကြုံရှိတဲ့ စစ်သားတွေနည်းသွားတာ၊ အောက်ခြေတပ်သားတွေ စိတ်ဓာတ်ပျက်နေတာ၊ နည်းပညာအရ တော်လှန်ရေးတပ်တွေကိုမယှဉ်နိုင်တော့တာတွေကြောင့်ဖြစ်တယ်” လို့ ကရင့်အမျိုးသားအစည်းအရုံး (KNU) ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောကလယ်စေး က ပြောပါတယ်။

ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းအတွင်းဖြစ်ပွားနေတဲ့ တိုက်ပွဲကြီးတွေမှာ စစ်ကောင်စီဖက်က အကျအဆုံးများနေတာ၊ ပြီးခဲ့တဲ့ ၆ လတာအတွင်း တပ်ရင်းမှူးအဆင့်အပါဝင် ၃၀၀၀ နီးပါးအထိကျဆုံးတာတွေနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ ...

- မြဝတီတိုက်ပွဲနဲ့ နံဇရွာတိုက်ပွဲမှာ စစ်ကောင်စီဖက်က ဘယ်လောက်အထိ အကျအဆုံးများနေသလဲ...

- အခုနှစ် ပထမ ၆ လအတွင်း ကရင်ပြည်နယ်တခုတည်းမှာတင် စစ်ကောင်စီဖက်က တပ်ရင်းမှူးအဆင့်အပါဝင် ၃၀၀၀ နီးပါးအထိ သေဆုံးတာ ဘာကြောင့်လဲ...

- PDF တွေရဲ့ တိုက်ခိုက်ရေးစွမ်းရည်နဲ့ နည်းပညာအသုံးချနိုင်မှု ဘယ်လောက်အထိ တိုးတက်လာနေပြီလဲ...

- တိုက်ပွဲမှာအထိနာရင် ကျေးရွာတွေ၊ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာဟာ စစ်တပ်ရဲ့ဗျုဟာ တခုလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(စစ်ကောင်စီဘက်က ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချပြီး ဝါဒဖြန့်ချီရေးလုပ်နေတဲ့အပေါ် KNU က ဘယ်လိုမြင်သလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More