Sunday, July 23, 2023

“ငွေစက္ကူအသစ်ရိုက်တယ်ဆိုတာ ဆေးမြီးတိုနဲ့ ကုတဲ့နည်းပါ၊ နည်းမှန်လမ်းမှန် မ...



“ငွေစက္ကူအသစ်ရိုက်တယ်ဆိုတာ ဆေးမြီးတိုနဲ့ ကုတဲ့နည်းပါ၊ နည်းမှန်လမ်းမှန် မဟုတ်ဘူး”

- ဦးစိန်ဌေး (စီးပွားရေး ဝေဖန်သုံးသပ်သူ) 

(၂၄- ၇- ၂၀၂၃)

“တိုင်းပြည်စီးပွားရေးကျဆင်းနေတာကို ကုစားနိုင်ဖို့ ငွေစက္ကူအသစ်ရိုက်ထုတ်တယ်ဆိုတာဟာ ဆေးမြီးတိုနဲ့ ကုသတဲ့နည်းသာဖြစ်တဲ့အတွက် စီးပွားရေးအရ နည်းမှန်လမ်းမှန်မဟုတ်ဘူး။ ဒီနည်းနဲ့ တိုင်းပြည်စီးပွားပြန်ကောင်းလာအောင် စစ်ကောင်စီက လုပ်နိုင်မှာ မဟုတ်ဘူး” လို့ စီးပွားရေးပညာရှင် ဦးစိန်ဌေး ကပြောပါတယ်။

နှစ်သောင်းတန် ငွေစက္ကူအသစ်တွေ ရိုက်နှိပ်ထုတ်ဝေမယ်လို့ စစ်ကောင်စီက ကြေညာလိုက်တာနဲ့ပတ်သက်ပြီး စီးပွားရေးအရ ဘယ်လို အကျိုးဆက်တွေဖြစ်လာနိုင်သလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...

- နိုင်ငံတကာရဲ့ စီးပွားရေးပိတ်ဆို့မှုက စစ်ကောင်စီကို တကယ်ထိနေပြီလား...

- စစ်ကောင်စီမပြုတ်မချင်း စီးပွားရေး ပြန်မကောင်းနိုင်တော့ဘူးလား...

- နှစ်သောင်းတန် ငွေစက္ကူအသစ် ထုတ်ခြင်းကြောင့် ငွေကြေးဖောင်းပွဲမှု ပိုဆိုးလာနိုင်သလား...

- အာဏာသိမ်း စစ်တပ်က ငွေစက္ကူအသစ် ထုတ်ဝေခွင့်ရှိသလား...

- စီးပွားရေးပြေလည်စေရေးအတွက် အကြံပြုချက်က ဘာလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More