Thursday, July 27, 2023

“တိုင်းပြည်စီးပွားရေး မထိခိုက်အောင် အားလုံးကဦးစားပေး စဉ်းစားကြတာကိုတော့ ...



“တိုင်းပြည်စီးပွားရေး မထိခိုက်အောင် အားလုံးကဦးစားပေး စဉ်းစားကြတာကိုတော့ လေ့လာသင့်တယ်”

- ဦးထူးချစ် (ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း - FED)

(၂၇- ၇- ၂၀၂၃)

“ထိုင်းနိုင်ငံမှာ ဆန္ဒပြပွဲတွေ၊ နိုင်ငံရေး မသေချာမှုတွေရှိနေပေမယ့် ဘက်အားလုံးက တိုင်းပြည်စီးပွားရေး မထိခိုက်အောင် ဦးစားပေး စဉ်းစားကြတာကိုတော့ ကျနော်တို့လေ့လာသင့်တယ်” လို့ ထိုင်း- တောင်ပိုင်းအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း  (FED) ညွန်ကြားရေးမှူး ဦးထူးချစ် ကပြောပါတယ်။

ဒီနေ့ ကျင်းပဖို့ပြင်ထားတဲ့ ထိုင်း-ဝန်ကြီးချုပ်အသစ်ရွေးပွဲကို အချိန်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်တဲ့အတွက် ဆန္ဒပြပွဲတွေဖြစ်ပေါ်လာတာ၊ နိုင်ငံရေးအနာဂတ် မသေချာမှုတွေရှိလာနေတာ၊ စီးပွားရေးလုပ်ငန်းရှင်တွေ စိုးရိမ်စိတ်ဝင်လာနေတာ... စတဲ့ အခြေအနေတွေအပေါ် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ်  သူကဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- ဒီနေ့ကျင်းပဖို့ပြင်ထားတဲ့ ဝန်ကြီးချုပ်အသစ်ရွေးပွဲကို ဘာကြောင့် ရက်ရွှေ့လိုက်တာလဲ...

- ရွေးကောက်ပွဲခုံရုံးက ဘယ်လိုဆုံးဖြတ်ပြီး ဘယ်နေ့မှာ ဝန်ကြီးချုပ်ရွေးပွဲ ပြန်လုပ်နိုင်ခြေရှိသလဲ...

- ဝန်ကြီးချုပ်ဟောင်း တာဆင် ပြည်တော်ပြန်ဝင်မယ့် သတင်းက သူ့ပါတီ- ဖုဝမ်ထိုင်းက ဝန်ကြီးချုပ်ဖြစ်လာမယ့် သင်္ကေတလား...

- Move Forward ပါတီကို ထောက်ခံတဲ့ လူထုဆန္ဒပြပွဲတွေက ဘယ်လောက်အထိ ကျယ်ပြန့်လာနိုင်သလဲ...

- လက်ရှိ ထိုင်းနိုင်ငံရေးဖြစ်ပေါ်မှုတွေအပေါ် မြန်မာပရိသတ်တွေက ဘာတွေလေ့လာသသင့်သလဲ...

- နောက်တကြိမ် ဝန်ကြီးချုပ်ရွေးပွဲ ဘယ်တော့လောက် ပြန်စနိုင်မလဲ...

...စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More