Friday, July 21, 2023

“သူ့ကို ဖြုတ်ချနိုင်သူ မပေါ်မခြင်း ၆ လတကြိမ် သက်တန်းတိုးနေမယ့်သဘော ဖြစ်န...


“သူ့ကို ဖြုတ်ချနိုင်သူ မပေါ်မခြင်း ၆ လတကြိမ် သက်တန်းတိုးနေမယ့်သဘော ဖြစ်နေတယ်”

- ဦးကြီးမြင့် (ဥပဒေရေးရာ ဝေဖန်သုံးသပ်သူ)

(၂၁- ၇- ၂၀၂၃)

“စစ်တပ်အာဏာသိမ်းကတည်းက ၂၀၀၈ ဖွဲ့စည်းပုံပျက်သွားပြီဖြစ်ပေမယ့် စစ်ကောင်စီကတော့ အဲဒီဥပဒေအရဆိုပြီး ၆ လတကြိမ် သက်တန်းတိုးနေတယ်။ ဒီလုပ်ရပ်ဟာ ဥပဒေနဲ့မညီပေမယ့် ဘယ်သူမှမတားဆီးနိုင်ဘူး၊ သူ့ကို ဖြုတ်ချနိုင်သူမပေါ်မခြင်း ၆ လတကြိမ် ဒီလိုပဲသက်တန်းတိုးနေမယ့်သဘောရှိတယ်” လို့ ဥပဒေရေးရာ ဝေဖန်သုံးသပ်သူ ရှေ့နေကြီး ဦးကြီးမြင့် ကပြောပါတယ်။

အာဏာသိမ်းသက်တန်း ရက်လွန်နေပြီဖြစ်တဲ့ စစ်ကောင်စီက အခု ဇူလိုင်လမကုန်ခင်မှာ နောက်ထပ် ၆ လ သက်တန်းတိုးဖို့ပြင်နေတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ်  သူကဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- ၆ လ တကြိမ်သက်တန်းတိုးမှုဟာ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေနဲ့ ညီရဲ့လား...

- သူ့ကိုဖြုတ်ချနိုင်သူမပေါ်မခြင်း ဒီလိုပဲ ၆ လတကြိမ် သက်တန်းတိုးနေမှာလား...

- စစ်ကောင်စီပြောသမျှ ငြိမ်ခံနေသူတွေ၊ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတုကိုမျှော်နေသူတွေရှိနေတာ ဘာကြောင့်လဲ...

- ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ပေးတွေ့ပြီးနောက် စစ်တပ်က ဝါဒဖြန့် စာရွက်-စာတန်းတွေ ဖြန့်ဝေနေပြီလား...

- ဒီတကြိမ်တော်လှန်ရေး အောင်ကိုအောင်ရမယ်လို့ ဘာကြောင့်ပြောနိုင်တာလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More