“တပွဲချင်းအောင်မြင်မှုကနေ တစုံလုံး၊ တနိုင်ငံလုံးအောင်မြင်မှုဆီ တွန်းပို့ပါလိမ့်မယ်”
- ရဲဘော်ဝေကြီး - (ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ရေစကြိုမြို့နယ်)
(၂၈- ၇- ၂၀၂၃)
“နွေဦးတော်လှန်ရေးတပ်ဖွဲ့တွေဘက်က အောင်မြင်တဲ့တိုက်ပွဲတွေ ဖေါ်ဆောင်လာနေပြီး ဒီလိုတပွဲချင်းအောင်မြင်မှုကနေ တစုံလုံး၊ တနိုင်ငံလုံးအောင်မြင်မှုဆီ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်” လို့ မကွေးတိုင်း၊ ရေစကြိုမြိုနယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ ရဲဘော်ဝေကြီး ကပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီယာဉ်တန်းကို ဒေသခံတော်လှန်ရေးတပ်တွေက ချုံခိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဖက်က ၁၀ ဦးခန့်အထိသေဆုံးအထိနာတဲ့ တိုက်ပွဲအကြောင်း BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူကဒီလိုဖြေကြားတာပါ။
အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...
- ရေစကြိုမြို့နယ် ရှင်မတောင်လမ်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ဘယ်လောက်အထိနာခဲ့သလဲ....
- တော်လှန်ရေးတပ်တွေဖက်က နယ်မြေထိန်းချုပ်မှု ဘယ်လောက်အထိ တိုးချဲ့ဆောင်ရွက်နိုင်နေပြီလဲ...
- MoD က လက်နက်တပ်ဆင်ပေးနိုင်မှုနဲ့ မြေပြင်ရှိ တပ်ဖွဲ့ဝင်အင်အား အချိုးအစား ဘယ်လိုရှိနေသလဲ...
- တပွဲချင်းအောင်မြင်မှုတွေကနေ တစုံလုံး၊ တနိုင်ငံလုံးအောင်မြင်မှုဆီ ဘယ်လိုချီတက်ကြမလဲ...
...စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။
0 comments:
Post a Comment