Tuesday, July 4, 2023

“စစ်ကောင်စီဖက်က ကျဆုံးမှု သုံးသောင်းသုံးထောင်ကျော်နေပြီလို့ စာရင်းရထားပါ...



“စစ်ကောင်စီဖက်က ကျဆုံးမှု သုံးသောင်းသုံးထောင်ကျော်နေပြီလို့ စာရင်းရထားပါတယ်” 

- ဦးနိုင်ထူးအောင် - (အတွင်းဝန် - ကာကွယ်ရေးဝန်ကြီးဌာန -NUG)

(၄- ၇- ၂၀၂၃)

“၂၀၂၁ ခုနှစ် ဇွန်လကနေ ၂၀၂၃ ဇွန်လအထိ ၂ နှစ်တာအတွင်း စစ်ကောင်စီဖက်က ကျဆုံးမှု သုံးသောင်းသုံးထောင်ကျော်နေပြီဖြစ်ပြီး ထိခိုက်ဒဏ်ရာရမှု တသောင်းကျော်ရှိနေပါတယ်။ တော်လှန်ရေးအင်အားစုဖက်ကတော့ နှစ်ထောင်ဝန်းကျင် ကျဆုံးမှုရှိပါတယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနာ (MoD) အတွင်းဝန် ဦးနိုင်ထူးအောင် ကပြောပါတယ်။

လတ်တလောဖြစ်ပေါ်နေတဲ့ ကရင်နီဖက်က မယ်စဲ့တိုက်ပွဲ၊ ကရင်ဖက်က ကျောက်ကြီးနဲ့ အခြားတိုက်ပွဲတွေအကြောင်း၊ နှစ်ဖက် ထိခိုက်ကျဆုံးမှုအကြောင်း၊ နွေဦးတော်လှန်ရေး ၂ နှစ်ခွဲကာလအတွင်း တိုးတက်မှုတွေအကြောင်း...စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ ...

- မယ်စဲ့တိုက်ပွဲမှာ ERO နဲ့ PDF တွေ ဘယ်လိုပူးပေါင်းပါဝင် တိုက်ပွဲဝင်နေသလဲ...

- စစ်လေယာဉ်ပစ်ချနိုင်မှု ဘယ်လိုအထောက်အထားပြနိုင်မလဲ...

- နွေဦးတော်လှန်ရေးအတွင်း “ကလလတ” ပါလာခြင်းက နိုင်ငံရေး-စစ်ရေးအရ ဘယ်လိုအဓိပါယ်ဆောင်သလဲ...

- ကရင်ပြည်နယ်ဖက်က ERO နဲ့ PDF တွေပူးတွဲလှုပ်ရှားမှုကကော ကရင်နီပြည်နယ်နီးပါး အားကောင်းနေပြီလား...

- PDF တွေအတွက် လက်နက်တပ်ဆင်ပေးမှုက အားရစရာအဆင့် ရောက်လာနေပြီလား...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ERO ဆက်စပ်ဒေသမှာ မြို့သိမ်းနိုင်တဲ့အထိ အားကောင်းလာနေပေမယ့် အညာစစ်မျက်နှာမှာ ခံနေရဆဲဖြစ်တာ ဘာကြောင့်လဲ...ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More