Monday, June 2, 2025

ပခုက္ကူ ပျု စခန်း PDF ဝင်တိုက်... ညီနောင် ၃ ဖွဲ့က အပစ်ရပ်သက်တန်း တလထပ်တိ...


ပခုက္ကူ ပျု စခန်းကို PDF ဝင်တိုက်... ညီနောင် ၃ ဖွဲ့က အပစ်ရပ်သက်တန်း တလထပ်တိုး... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၃ ဇွန် ၂၀၂၅

မကွေးတိုင်း ပခုက္ကူမြို့နယ် ဆင်မင်း ကျေးရွာရှိ ပျုစောထီး စခန်းဆီ ကား ၂ စီးနဲ့ စစ်ကြောင်းထွက်လာတဲ့ ပြည်သူ့စစ်အဖွဲ့ကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ ၄ ဦး သေပြီး သေနတ် ၂ လက် သိမ်းမိတယ်လို့ ပခုက္ကူမြို့နယ် “ပကဖ” က သတင်းထုတ်ပြန်ပါတယ်။

ဇွန် ၁ မနက် ၈ နာရီခန့်မှာ အဲဒီယာဉ်တန်း ဆင်မင်းရွာ အဝင်မှာ တိုက်ခိုက်ရာမှာ ၄၅ မိနစ်ခန့် တိုက်ပွဲဖြစ်ပြီးနောက် ပြည်သူ့စစ် ၈ ဦးထဲက ၄ ဦးသေဆုံးပြီး ပစ္စတို တလက်၊ MA-3 တလက်၊ ခဲယမ်းတွေနဲ့ ငွေတွေ သိမ်းမိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင်...

- ပခုက္ကူမြို့ ခရိုင် မီးသတ်ရုံးမှာ စခန်းထိုင်ထားတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေး တပ်တွေက ဝင်ရောက်တိုက်ခိုက်ရာမှာ စစ်သား ၅ ဦး သေပြီး ၅ ဦး ဒဏ်ရာရ...

- စစ်ကိုင်းတိုင်းကနေ ချင်းတောင်ပေါ် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က တီးတိန်မြို့နယ်ရှိ မွာလ်ပီးရွာက နေအိမ်အချို့ကို မီးရှို့နေ...

- လားရှိုးမြို့နယ်က ကျေးရွာတခုမှာ ရှမ်းပြည်တပ်မတော် SSPP/SSA နဲ့ MNDJP/MNDAA ကိုးကန့်တပ်တို့ တိုက်ပွဲဖြစ်...

- ငလျင်ဘေး ကယ်ဆယ်ရေး လုပ်ငန်းတွေ၊ လက်ရှိ ရေဘေး ကယ်ဆယ်ရေးတွေ ဆောင်ရွက်နိုင်ဖို့အတွက် အပစ်ရပ် ကာလကို နောက်ထပ် တလ သက်တမ်း ထပ်တိုးကြောင်း ညီနောင် မဟာမိတ် ၃ ဖွဲ့က သတင်းထုတ်ပြန်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More