“ရန်သူက စစ်ဦးကျိုးသွားပြီ။ လက်နက်ချတာတွေ၊ စခန်းစွန့်ခွာတာတွေ ဆက်မြင်ရဖို့ရှိတယ်”
- ဆလိုင်းယောအောင် (ABSDF - ဗဟိုဦးဆောင်ကော်မတီဝင် - ဟောင်း)
(၂၅ ဇွန် ၂၀၂၅)
“ရန်သူက စစ်ဦးကျိုးသွားပြီ။ လက်နက်ချတာတွေ၊ စခန်းစွန့်ခွာတာတွေ ဆက်မြင်ရဖို့ရှိတယ်။ ဝေါလေနဲ့ ဥကရစ်ထကိုလည်း မကြာခင်မှာ တော်လှန်ရေးတပ်တွေက သိမ်းနိုင်မှာဖြစ်တယ်” လို့ ABSDF - ဗဟိုဦးဆောင်ကော်မတီဝင် - ဟောင်း ဆလိုင်းယောအောင်က ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ်က ထီးကပလယ်စခန်းကို တော်လှန်ရေးတပ်ပေါင်းစုက သိမ်းပိုက်လိုက်တာနဲ့ပတ်သက်ပြီး နယ်စပ်ဒေသ စစ်ရေးအခြေအနေ၊ ERO တွေက ပြည်တွင်းဖက်ကို ဘယ်လောက်အထိ ထိုးဖောက်ဝင်ရောက်နိုင်သလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။
အခု ထုတ်လွှင့်မယ့်မေးမြန်းချက်ထဲမှာ...
- ထီးကပလယ် ခစန်းသိမ်းနိုင်မှုက စစ်ရေး- နိုင်ငံရေးအရ ဘယ်လိုအရေးပါသလဲ...
- သောင်းရင်းမြစ်နဲ့ ဒေါနတောင် အရှေ့ခြမ်းကြားမှာ စစ်ကောင်စီ ကင်းစင်ဖို့ နီးလာပြီလား...
- KNU အပါဝင် ERO တွေက ကိုယ့်ဒေသလွတ်မြောက်ရေးအပြင် နေပြည်တော် သိမ်းပိုက်ရေးအတွက် ဘယ်လိုပြင်ဆင်ထားသလဲ...
- ERO နဲ့ PDF တပ်တွေ တနိုင်ငံလုံးဟန်ချက်ညီ တိုက်ပွဲဝင်နိုင်အောင် တပ်ပေါင်းစုကို ဘယ်လိုတည်ဆောက်ကြမလဲ...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment