Sunday, June 8, 2025

ကော့ကရိတ်မှာ တိုက်ပွဲပြင်းထန်... နောင်ချိုနဲ့ သံတွဲမြို့တွေကို စစ်တပ်က ဗ...


ကော့ကရိတ်မှာ တိုက်ပွဲပြင်းထန်... နောင်ချိုနဲ့ သံတွဲမြို့တွေကို စစ်တပ်က ဗုံးကြဲ... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၉  ဇွန် ၂၀၂၅

ကရင်ပြည်နယ်၊ ကော့ကရိတ်အခြေစိုက် စကခ ၁၂ က စစ်ကြောင်းတခု ကော့ကရိတ်-ကျုံဒိုး အာရှလမ်းမ အတိုင်း ကိုးတိုင်၊ ခုနစ်တိုင် ရွာတွေဘက် ထိုးဝင်လာတဲ့အတွက် KNLA ကရင်အမျိုသားလွတ်မြောက်ရေးတပ်မတော်က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ KIC Karen Information Center က ဖော်ပြပါတယ်။

ဇွန် ၇ ရက် မနက် ၇ နာရီခန့်မှာ စတင် ပစ်ခတ်မှု ဖြစ်ပြီး ကျုံဒိုးရှိ ခမရ ၅၄၅ နဲ့ ခမရ ၅၄၆ က လက်နက်ကြီး ပစ်ကူပေးတဲ့အပြင် စကခ ၁၂ ဌာနချုပ်ဘက်ကနေလည်း ပစ်ကူပေးတယ်၊ ဒါပေမယ့် တော်လှန်ရေးတပ်တွေက ပိတ်ဆို့ထားတဲ့အတွက် အဲဒီ စစ်ကြောင်း ရှေ့မတိုးနိုင်ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင်...

- အပစ်ရပ် ကြေညာထားတဲ့ စစ်ကောင်စီတပ်တွေက TNLA တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ထိန်းချုပ်ထားတဲ့ နောင်ချိုဘက်ကို ထိုးစစ်ဆင်လာနေပြီး နောင်ချိုနဲ့ ၇ မိုင်အကွာ ကံကြီးရွာအထိ စစ်ကြောင်းတွေ ရောက်လာ...

- အပစ်ရပ် ကြေညာထားတဲ့ စစ်ကောင်စီက AA အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ သံတွဲမြို့ကို စစ်လေယာဉ်နဲ့ ဗုံးကြဲတဲ့အတွက် ကလေးတဦးအပါအဝင် အရပ်သား ၄ ဦးသေဆုံး၊ ၈ ဦးဒဏ်ရာရ...

- ပုလဲမြို့နယ် ကန့်ဒေါင့်ရွာ ရဲစခန်းကို သိမ်းပိုက်နိုင်ရေးအတွက် တော်လှန်ရေးတပ်တွေက ဇွန် ၂ ရက်မှာ စတင် ထိုးစစ်ဆင်ပြီး ဇွန် ၇ ရက် ညနေအထိ တိုက်ပွဲပြင်းထန်နေ...

- နမ့်စန် လေတပ်အတွက် လေယာဉ်ဆီ သယ်ဆောင်လာတဲ့ ဆီဘောက်ဆာကား တစီးကို စစ်သား ၂ ဦးနဲ့ အတူ ရန်ကုန်-မန္တလေး အမြန်လမ်းမှာ တော်လှန်ရေးတပ်တွေက ဖမ်းဆီးမိ...

- ထားဝယ် အခြေစိုက် စစ်ကောင်စီတပ်ရင်းတခုက စစ်သားသစ်တဦး MA-1 သေနတ် တလက်၊ ခဲယမ်းတွေနဲ့ အတူ ထားဝယ်ခရိုင် တပ်ရင်း ၁ ထံ ခိုလှုံလာ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More