ညောင်လေးပင်တိုက်ပွဲ စစ်ကောင်စီ သေဆုံးမှုများ... မန္တလေး PDF ကွန်မန်ဒိုသင်တန်းဆင်း... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...
၂၆ ဇွန် ၂၀၂၅
ပဲခူးတိုင်း၊ ညောင်လေးပင်၊ ကျောက်တံခါးနဲ့ ဖြူးမြို့နယ်ထဲက စစ်ကောင်စီ စခန်း ၉ ခုကို တော်လှန်ရေး တပ်တွေက တပြိုင်တည်း ဝင်တိုက်ရာမှာ စစ်သား ၂၀ ကျော် သေဆုံး၊ ၃ ဦးကို လက်ရဖမ်းမိ၊ လက်နက်မျိုးစုံ ၁၆ လက်သိမ်းမိတယ်လို့ PDF (ပြည်သူ့ကာကွယ်ရေးတပ်မတော်) စစ်ရုံးချုပ်က သတင်းထုတ်ပြန်ပါတယ်။
ရန်ကုန် - မန္တလေး လမ်းဟောင်းပေါ်ရှိ အင်အား ၅၀ အထိုင်ချ တော်ဝိ ကျေးရွာ တပ်စခန်း အပါအဝင် စခန်း ၉ ခုကို ဇွန် ၂၅ မနက် တနာရီမှာ စတင် တိုက်ခိုက်ပြီး ၂ နာရီမှာ သိမ်းပိုက်တယ်လို့ဆိုပါတယ်။
နယ်မြေရှင်းတဲ့အခါ စစ်သား ၂၀ ကျော် သေဆုံး၊ ရဲမှူးတဦး အပါဝင် ၃ ဦးကို လက်ရဖမ်းမိ၊ ၆၀ မမ စိန်ပြောင်း အပါအဝင် သေနတ် ၁၆ လက်နဲ့ ခဲယမ်းတွေ သိမ်းမိတာကို ဓာတ်ပုံမှတ်တမ်းထဲ တွေ့ရပါတယ်။
ဒါ့အပြင်...
- ထီးကပလယ် စခန်းကို တော်လှန်ရေး တပ်ပေါင်းစုက သိမ်းပိုက်ချိန်မှာ ထိုင်းဘက် ထွက်ပြေးတဲ့ စစ်ကောင်စီစစ်သားတွေကို နယ်စပ်မျဉ်း မရောက်ခင် မီတာ ၅၀၀ ခန့် အလိုမှာ ပစ်ခတ်ပြီး ၃ ဦးသေ၊ ၄ ဦးကို လက်ရဖမ်းမိ၊ လက်နက်အချို့ ရရှိတယ်လို့ KTLA (ကော်သူလေးတပ်မတော်) က သတင်းထုတ်ပြန်...
- မိထ္ထီလာမြို့နယ် အုံတုံရွာနဲ့ ဂွေးတောက်ကန်ရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ ၄ ဦး သေပြီး ၆ ဦး ဒဏ်ရာရ...
- နောင်ချိုမြို့နယ်မှာ ဇွန် ၂၄ တရက်တည်းမှာတင် စစ်ကောင်စီက လေယာဉ် ဗုံးအလုံး ၁၃၀၊ ဒရုန်းဗုံး ၆၀ နဲ့ လက်နက်ကြီး ၅၃ လုံး ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်...
- နောင်ချိုမြို့နယ်၊ ရွှေသွန်းရွာ အနီးက တိုက်ပွဲမှာ TNLA နဲ့အတူ မဟာမိတ် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) လည်း ပါဝင်ပြီး စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေတယ်လို့ DPLA က သတင်းထုတ်ပြန်...
- ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ကွန်မန်ဒိုသင်တန်း အပတ်စဉ် ၃ သင်တန်းဆင်းပွဲကို ဇွန် ၂၁ က ကျင်းပ...
- ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်း မွမ်းမံသင်တန်းဆင်းပွဲနဲ့ စစ်ဝတ်တန်ဆာ တပ်ဆင်ပွဲ အခမ်းနားကျင်းပ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment