ကျောက်ကြီးတိုက်ပွဲ သုံ့ပန်း ၂၀ ကျော်နဲ့ လက်နက် ၂၀ ကျော်သိမ်းမိ... ကျောက်ဖြူမှာ တိုက်ပွဲပြင်းထန်... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...
၂၇ ဇွန် ၂၀၂၅
ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီ တပ်စခန်းတွေကို ဇွန် ၂၆ မှာ တော်လှန်ရေးတပ်တွေက တပြိုင်တည်း ဝင်တိုက်ရာမှာ စစ်သား ၇ ဦးသေ၊ ၂၂ ဦးကို လက်ရဖမ်းမိ၊ ၆၀ မမ စိန်ပြောင်း အပါအဝင် လက်နက်မျိုးစုံ ၂၈ လက်နဲ့ ခဲယမ်းများစွာ သိမ်းမိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်က သတင်းထုတ်ပြန်ပါတယ်။
ဒီစစ်ဆင်ရေးကို PDF ဗျူဟာ ၂၅ လက်အောက်ခံ တပ်ရင်း ၃၇၀၂၊ အထူးကွန်မန်ဒိုတပ်ရင်းနဲ့ Spring Warrior Column, ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က တပ်ရင်း ၈ နဲ့ တပ်ရင်း ၉ ပူးပေါင်းဆောင်ရွက်တာလို့ ဖော်ပြပါတယ်။
ဒါ့အပြင်...
- ကျောက်ဖြူမြို့က နေရာ ၃ ခုမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီရဲ့ အဓိက ခံစစ်စခန်း တိုက်ခိုက်ရေး ရဲတပ်ရင်း ၃၂ ကို AA အာရက္ခတပ်တော်က သိမ်းပိုက်ဖို့ နီးကပ်လာနေ...
- မိုးကုတ်မြို့ကို ဇွန် ၂၅ ည ၁၁ နာရီခန့်မှာ စစ်ကောင်စီ ဂျက်ဖိုက်တာက ဗုံးကြဲတဲ့အတွက် ကလေးတဦးနဲ့ အမျိုးသားတဦး ဒဏ်ရာရပြီး နေအိမ် ၅ လုံးနဲ့ ဘုန်းကြီးကျောင်းတဆောင် ပျက်စီး...
- ဇွန် ၂၆ မနက် ၈ နာရီခန့်မှာ စစ်ကောင်စီက ဟောင်ဝစ်ဇာ လက်နက်ကြီး ၁၂ လုံးနဲ့ နောင်ချိုမြို့ကို ပစ်ခတ်တဲ့အတွက် ဒေသခံတဦး ဒဏ်ရာရပြီး နေအိမ် ၃ လုံး ပျက်စီး...
- ကျောက်စိမ်းမြေ လုံးခင်း ကျေးရွာကို ထိန်းချုပ်နိုင်ရေးအတွက် ဗျူဟာမြောက် တောင်ကုန်း ၂ ခုဖြစ်တဲ့ လမောင် ကုန်း (Lamawng Bum) နဲ့ မော်မော ကုန်း (Mawmau Bum) ကို စစ်ကောင်စီက အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေ...
- စစ်ကောင်စီလက်အောက်က စစ်သားသစ် ၃ ဦး တော်လှန်ရေးတပ်တွေထံ ခိုလှုံလာတယ်လို့ KNU မြိတ်-ထားဝယ် ခရိုင်က သတင်းထုတ်ပြန်...
- ရာမည မွန်တပ်တော် RMA ရဲ့ အခြေခံစစ်သင်တန်း အပတ်စဉ် ၄ ဆင်းပွဲကို ဇွန် ၂၄ က မွန်ပြည်တနေရာမှာ ကျင်းပ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment