မြဝတီမြို့စောင့်တပ်အနီး တိုက်ပွဲဖြစ်... ကျောက်ဖြူတိုက်ပွဲမှာ ဒုဗိုလ်မှူးကြီးနဲ့ ၁၅ ဦး သုံ့ပန်းအဖြစ် ဖမ်းဆီးခံရ... နောက်ဆုံးရ တိုက်ပွဲသတင်းများ ... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...
၂ မေ ၂၀၂၅
ထိုင်း-မြန်မာ နယ်စပ်ရဲ့ အဓိက ကုန်သွယ်ရေးမြို့ မြဝတီ မြို့စောင့်တပ် ခလရ ၂၇၅ ဝန်းကျင်းမှာ လက်နက်ကြီး တိုက်ပွဲ ဖြစ်နေတယ်လို့ နယ်စပ် သတင်းတွေက ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်တဲ့ မဟာမိတ်တပ်တွေက သိမ်းပိုက်လိုက်တဲ့ ကနဲလေး၊ ဘုရင့်နောင်၊ မော်ခီး စခန်းတွေကနေ ထိုင်းဘက်ကမ်းဆီ ထွက်ပြေးသွားတဲ့ စစ်သားတွေ မဲဆောက်ကတဆင့် ခလရ ၂၇၅ ကိုရောက်လာပြီးနောက် အခုလို ပစ်ခတ်မှုတွေဖြစ်လာတာလို့ ဆိုပါတယ်။
ဒါ့အပြင်...
- တရုတ် စီမံကိန်းတွေ ရှိတဲ့ ကျောက်ဖြူမြို့မှာ တိုက်ပွဲ ပြင်းထန်နေပြီး ဒုတိယဗိုလ်မှူးကြီး တဦး အပါအဝင် စစ်သုံ့ပန်း ၁၅ ဦးကို AA က ဖမ်းမိ...
- စစ်ကိုင်း အခြေစိုက် အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ်ကို တော်လှန်ရေးတပ်တွေက ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ရာမှာ စစ်သား ၆ ဦး သေပြီး ပျက်စီးမှုများ...
- စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် လောင်းလုံးမြို့မှာ အသက်ငါးနှစ်အရွယ် ကလေးငယ် တစ်ဦးအပါအဝင် အရပ်သား ၃ ဦး သေဆုံး...
- ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF ၄ နှစ်ပြည့် မွေးနေ့ဆီ ညီနောင် မဟာမိတ် ၃ ဖွဲ့က သဝဏ်လွှာပို့...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment