Friday, June 27, 2025

ကျောက္ကာတိုက်ပွဲ စစ်ကောင်စီ အထိနာ... နောင်ချိုမှာ TNLA ထိုးစစ် ပြန်စ...


ကျောက္ကာတိုက်ပွဲ စစ်ကောင်စီ အထိနာ... နောင်ချိုမှာ TNLA ထိုးစစ် ပြန်စ... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၂၈ ဇွန် ၂၀၂၅

တနင်္သာရီတိုင်း ပုလောမြို့နယ် ကျောက္ကာရွာရှိ ပျူစောထီးစခန်းကို တော်လှန်ရေးတပ်တွေက ဇွန် ၂၇ မှာ ဝင်ရောက်တိုက်ခိုက်ရာမှာ ပျူစောထီး အလောင်း ၃ လောင်းနဲ့  သေနတ်  ၅ လက် သိမ်းမိတယ်လို့ PDF  မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

ဇွန် ၂၇ မနက် ၅ နာရီခွဲမှာ စတင်တိုက်ခိုက်ပြီး ၁၅ မိနစ်အတွင်း စခန်းကို စီးနင်းမိတယ်လို့ဆိုပါတယ်။ နယ်မြေရှင်းတဲ့အခါ ပျူစောထီးအလောင်း ၃ လောင်း၊ M16 ၄ လက်၊ AK-47 ၁ လက်နဲ့ ခဲယမ်းတွေ သိမ်းမိတာကို ဓာတ်ပုံမှတ်တမ်းထဲ တွေ့ရပါတယ်။

ဒါ့အပြင်...

- ပုလော-သရက်ချောင်း ဆက်စပ်ဒေသရှိ မင်းဒပ်ရွာက စစ်ကောင်စီစခန်းကိုလည်း ဇွန် ၂၆ မှာ တော်လှန်ရေးတပ်တွေက ဝင်ရောက် တိုက်ခိုက်ရာမှာ စစ်သား ၅ ဦးသေ၊ ခဲယမ်းအချို့ သိမ်းမိ...

- ဖယ်ခုံအင်း အရှေ့ခြမ်း ဆောင်နန်းခဲ တိုက်ပွဲမှာ စစ်ကောင်စီ လက်အောက်ခံ PNO ပအိုဝ်း ပြည်သူ့စစ်ဘက်က တပ်ခွဲမှူး အပါအဝင် ၅ ဦး သေဆုံး...

- ပျော်ဘွယ်မြို့နယ် ညောင်ကုန်းရဲစခန်း အနီးမှာ ဆပ်ကြေးကောက်ခံနေတဲ့ စစ်သား၊ ရဲနဲ့ ပျူစောထီး ပူးပေါင်းဂိတ်ကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ အရာခံဗိုလ်နဲ့ စစ်သား ၄ ဦးသေ၊ သေနတ် ၃ လက် သိမ်းမိ...

- ပခုက္ကူမြို့အခြေစိုက် တပ်မ ၁၀၁ ကနေ အင်အား ၁,၀၀၀ ကျော်၊ ကားအစီးရေ ၁၂၀ ခန့်နဲ့ ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ဒေသခံ တော်လှန်ရေး တပ်တွေက မိုင်းဆွဲ တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က အထိနာပြီး စစ်သား ၂ ဦး အလင်းဝင်လာ...

- ကျောက်မဲမြို့ကို ဇွန် ၂၇ မနက် အစောကြီးမှာ စစ်လေယာဉ်က ဗုံးထပ်ကြဲတဲ့အတွက် အမျီုးသမီးတဦး သေဆုံး၊ အမျိုးသား ၂ ဦး ဒဏ်ရာရ၊ နေအိမ်အချို့ ပျက်စီး...

- နောင်ချိုမြို့နယ်ရှိ ကျေးရွာ ၅ ရွာမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ကို TNLA ဘက်က တန်ပြန်ထိုးစစ် စတင်နေ...

- ဒေါနတောင်ပေါ်မှာ သောင်တင်နေတဲ့ အောင်ဇေယျ စစ်ကြောင်းက စစ်သား ၂ ဦး Lion Battalion Commando စစ်ကြောင်းထံ ခိုလှုံလာ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More