Tuesday, June 24, 2025

ထီးကပလယ်စခန်းသိမ်းပွဲ လက်နက်များစွာရရှိ... ဓနု တပ်တော်ရဲ့ စစ်သင်တန်း TNL...


ထီးကပလယ်စခန်းသိမ်းပွဲ လက်နက်များစွာရရှိ... ဓနု တပ်တော်ရဲ့ စစ်သင်တန်း TNLA နယ်မြေမှာ ကျင်းပ... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၂၅ ဇွန် ၂၀၂၅

ကရင်ပြည်နယ် မြဝတီမြို့နယ် ထိုင်း နယ်စပ်ရှိ ထီးကပလယ် စခန်းကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်စဉ် ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို လိုက်လံတိုက်ခိုက်ရာမှာ အချို့ကို ဖမ်းမိ၊ လက်နက် ၁၀ လက်ကျော် သိမ်းမိတယ်လို့ ဆိုရှယ်မီဒီယာမှာ ဓာတ်ပုံ၊ ဗီဒီယိုတွေ ပြန့်နေပါတယ်။

ဇွန် ၂၂ မွန်းလွဲပိုင်းမှာ ထီးကပလယ်ကိုသိမ်းပိုက်စဉ် စစ်သားအချို့ ထိုင်းဘက် ထွက်ပြေးသွားတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် အဲဒီစစ်သားတွေ ထိုင်းဘက် မရောက်ခင်မှာ အခုလို တိုက်ခိုက်ဖမ်းဆီးနိုင်တာလို့ ဆိုပါတယ်။

ဒါ့အပြင်...

- လောင်းလုံးမြို့ပေါ်ရှိ မြို့မရဲစခန်း၊ ထွေ/အုပ် ရုံးနဲ့ လဝက ရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဝင်တိုက်တဲ့အတွက် တိုက်ပွဲပြင်းထန်ခဲ့ပြီး ထားဝယ်မြို့ပေါ်ရှိ စစ်တပ်စခန်းကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေ...

- ဖယ်ခုံအင်း အရှေ့ခြမ်းရှိ ကျေးရွာတွေကို စစ်ကောင်စီနဲ့ PNO ပအိုဝ်း ပြည်သူ့စစ်တွေက လေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူနဲ့ အတူ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့အတွက် ကရင်နီ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲပြင်းထန်နေ...

- အရာတော်မြို့နယ်ရှိ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်သားနဲ့ ပျူစောထီး ၄ ဦးသေပြီး ဒဏ်ရာရသူများ...

- TNLA ထိန်းချုပ်ဒေသ ကျောက်မဲမြို့ရဲ့ လူစည်ကားတဲ့ နေရာကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် ဒေသခံ ၄ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ...

- TNLA ရဲ့ မဟာမိတ် ဓနု ပြည်သူ့လွတ်မြောက်ရေး တပ်တော် DPLF /DPLA ရဲ့ အပတ်စဉ် ၆ စစ်သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်ခြင်း အခမ်းအနားကို တအာင်းပြည်တနေရာမှာ ဇွန် ၂၁ က ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More