တောင်သာ တိုက်ပွဲ စစ်ကောင်စီ အထိနာ... ငသိုင်းချောင်းက အမြောက်တပ် နေရာရွှေ့နေ... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...
၁၃ ဇွန် ၂၀၂၅
မကွေးတိုင်း ပခုက္ကူမြို့နယ် အနောက် မန်ကျည်းကန် ပျူစောထီးရွာကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်သားနဲ့ ပျုစောထီး ၅ ဦးသေ၊ ၂ ဦး ဒဏ်ရာရတယ်လို့ အညာမြေ တပ်ပေါင်းစုက သတင်းထုတ်ပြန်ပါတယ်။
ဇွန် ၁၀ ရက် မနက် ၅ နာရီမှာ စတင်တိုက်ခိုက်ပြီး မိနစ် ၉၀ ခန့်အကြာမှာ ကတုတ်ကျင်း ၃ လုံး သိမ်းပြီးနောက် စခန်းတခုလုံး သိမ်းခါနီးမှာ ဘဲကြီး ပျူစောထီးရွာနဲ့ ပခုက္ကူ တပ်မ ၁၀၁ က စစ်ကူ ရောက်လာတဲ့အတွက် ပြန်လည် ဆုတ်ခွါခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင်...
- တောင်သာမြို့နယ် ဆင်တဲဝချောင်းဘက် ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်သား ၃ ဦးသေ၊ တဦးကို လက်ရဖမ်းမိ၊ သေနတ် ၂ လက် သိမ်းမိ...
- မော်လမြိုင်နဲ့ သံဖြူဇရပ် ကားလမ်းပေါ်ရှိ၊ နှီးဗဒေါ ရွာအနီး ရောက်လာတဲ့ အင်အား ၃၀ ခန့်ပါ စစ်ကောင်စီရဲ့ လုံခြုံရေး ယာဉ်တန်းကို မွန် တော်လှန်ရေးတပ်တွေက ကြားဖြတ် တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က သေဆုံး ဒဏ်ရာရမှုများ...
- ထားဝယ်- ထိုင်း နယ်စပ်ရှိ စစ်ကောင်စီရဲ့ ငါးရံ့နီစခန်းက စစ်သားတွေ အားလုံး ဇွန် ၁၂ မနက်ပိုင်းမှာ စခန်းစွန့်ခွာ ထွက်ပြေးသွား...
- ငသိုင်းချောင်းဘက်မှာ တိုက်ပွဲပြင်းထန်ပြီး အာရက္ခတပ်တော် AA နဲ့ PDF တွေ နီးကပ်လာတဲ့အတွက် ငသိုင်းချောင်းရှိ အမတ ၃၄၄ က ဟောင်ဝစ်ဇာ အမြောက်ကြီးတွေကို စစ်ကောင်စီက ကျုံပျော်ဘက် ပြောင်းရွှေ့နေ...
- နောင်ချိုမြို့ကို စစ်ကောင်စီက ထိုးစစ်ဆင်လာတဲ့အတွက် ဒေသခံလူထု ၁,၀၀၀ ကျော် ကျောက်မဲမြို့ဘက် စစ်ရှောင် ထွက်ပြေးနေရတယ်လို့ TNLA က သတင်းထုတ်ပြန်...
- အင်အား ၈၂၂ ဦး တက်ရောက်တဲ့ ၃ လတာ စစ်သင်တန်းဆင်းပွဲ ဇွန် ၆ ရက်က ကျင်းပတယ်လို့ TNLA က ဓာတ်ပုံမှတ်တမ်း ဖော်ပြ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment