Wednesday, June 11, 2025

ပေါင်းတည် တိုက်ပွဲ စစ်ကောင်စီ အထိနာ... ဥကရိထ စခန်းကို KNLA က ထိုးစစ်ဆင်...


ပေါင်းတည် တိုက်ပွဲ စစ်ကောင်စီ အထိနာ... ဥကရိထ စခန်းကို KNLA က ထိုးစစ်ဆင်... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၁၂ ဇွန် ၂၀၂၅

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ကန့်ဒေါင့် စခန်းသိမ်း တိုက်ပွဲမှာ PLA (ပြည်သူ့လွတ်မြောက်ရေးတပ်မတော်) က ပစ်ချလိုက်တဲ့ စစ်ကောင်စီ တိုက်လေယာဉ်က လေယာဉ်မှူး သေသွားတယ်ဆိုတာ အတည်ပြုနိုင်တယ်လို့ PLA က သတင်းထုတ်ပြန်ပါတယ်။

ဇွန် ၁၀ ရက် မွန်းတည့် ၁၂ နာရီခန့်မှာ ပစ်ချခံရတဲ့ အဲဒီ လေယာဉ်ဟာ ကျေးရွာတခုဆီ ထိုးစိုက် ဆင်းသွားပြီး လေယာဉ်မှူး သေဆုံးတဲ့အပြင် လေယာဉ်နဲ့အတူ မီးလောင်တဲ့ နေအိမ်တွေက ရုပ်အလောင်း ၄ လောင်း တွေ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင်...

- ပေါင်းတည်မြို့နယ် ညောင်နီပင် ရွာက ထွက်လာတဲ့ အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ် တိုက်ရာမှာ စစ်တပ်ဘက်က ၁၀ ဦးကျော် သေဆုံးပြီး ၆၀ မမ အပါဝင် လက်နက်မျိုးစုံ ၁၀ လက်ကျော် သိမ်းမိ...

- ဖယ်ခုံအင်း အရှေ့ခြမ်းမှာ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်နဲ့ ရှမ်းတောင် ဗျူဟာ ၁ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၅ ဦး သေ...

- နောင်ချိုမြို့နဲ့ ၇ မိုင်အကွာရှိ ကံကြီး ကျေးရွာကို စစ်ကောင်စီတပ် ပြန်ရောက်လာတဲ့အတွက် TNLA နဲ့ တိုက်ပွဲထပ်ဖြစ်နေ...

- တရုတ်-မြန်မာ နယ်စပ်ရှိ ၁၀၅ မိုင် (ကျင်စန်းကျော့) နယ်စပ်ကုန်သွယ်ရေးဂိတ်ကို လာမယ့် ဇူလိုင်က စပြီး အွန်လိုင်းနဲ့ အခွန်စည်းကြပ်မှုဆောင်ရွက်မယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ကြေညာ...

- ဒိုက်ဦး အခြေစိုက် ခမရ ၄၄၀ က စစ်သားသစ် ၂ ဦး MA သေနတ် ၂ လက်နဲ့ အတူ PDF အမှတ် ၂၇ စစ်ဗျူဟာထံ ခိုလှုံလာ...

- ပေါက်မြို့နယ် ကပစ ၂၄ က ဒု-တပ်ကြပ် တဦး MA သေနတ် ၂ လက်နဲ့အတူ ပခုက္ကူခရိုင် အမှတ် ၅ တပ်ရင်းထံ ခိုလှုံလာ...

- မြန်မာ−ထိုင်းနယ်စပ်က စစ်ကောင်စီ တပ်ရဲ့ ခြေကုပ်စခန်း ဥကရိထကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက တိုက်ခိုက်နေပြီလို့ သတင်းထွက်ပေါ်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More