Thursday, June 5, 2025

Yaw Ag Final 5 Jun


“နေပြည်တော်သိမ်းပိုက်ရေးအတွက် ပထမ ခြေလှမ်း၊ မောင်ကျော်တွေရဲ့ သွေးပူလေ့ကျင့်ခန်း လို့ ထင်ပါတယ်”

- ဆလိုင်းယောအောင် (ABSDF - ဗဟိုဦးဆောင်ကော်မတီဝင် - ဟောင်း)

(၅ မေ ၂၀၂၅)

“မာနယ်ပလော ရပြီးကတည်းက အောင်ပွဲတွေ တခုပြီးတခုရတော့မယ်လို့ စဉ်းစားမိပါတယ်၊ သေ့ဘောဘိုးစခန်းသိမ်းနိုင်တာဟာ နေပြည်တော်သိမ်းပိုက်ရေးအတွက် ပထမ ခြေလှမ်း၊ မောင်ကျော်တွေရဲ့ သွေးပူလေ့ကျင့်ခန်းလို့ ထင်ပါတယ်” လို့ ABSDF - ဗဟိုဦးဆောင်ကော်မတီဝင် - ဟောင်း ဆလိုင်းယောအောင်က ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ်က သေ့ဘောဘိုးခစန်းကို တော်လှန်ရေးတပ်ပေါင်းစုက သိမ်းပိုက်လိုက်တဲ့အချိန်မှာ တချိန်က အဲဒီစခန်းမှာ နေခဲ့ဖူးတဲ့ ၈၈ ကျောင်းသားတဦးအနေနဲ့ ဘယ်လိုခံစားချက်ဖြစ်မိသလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့်မေးမြန်းချက်ထဲမှာ...

- သေ့ဘောဘိုးစခန်းသိမ်းနိုင်ခြင်းက စစ်ရေးအပြင် နိုင်ငံရေးအရ ဘယ်လိုအဓိပါယ်ရှိသလဲ...

- လက်ရှိ ABSDF တပ်တွေရဲ့ လှုပ်ရှားမှုနဲ့ PDF တပ်တွေ ဘယ်လို ပူးပေါင်းဆောင်ရွက်နေသလဲ...

- KNU ရဲ့ အခုတလော ထိုးစစ်က ဘယ်အထိ ဦးတည်သွားနိုင်သလဲ...

- ERO တွေနဲ့ PDF တွေ ဟန်ချက်ညီလှုပ်ရှားနိုင်အောင် တပ်ပေါင်းစု လိုအပ်သလား...

- NUG ပြောနေတဲ့ အထွေထွေထိုးစစ် ရက်ဒီ ဖြစ်ပြီလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More