Wednesday, June 18, 2025

ချောင်းဦးတိုက်ပွဲ စစ်တပ်ဖက်က သေဆုံးမှုများ... လေးမျက်နှာမြို့နယ်က စခန်း...


ချောင်းဦးတိုက်ပွဲ စစ်တပ်ဖက်က သေဆုံးမှုများ...  လေးမျက်နှာမြို့နယ်က စခန်းတခု AA သိမ်းပိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၁၉  ဇွန် ၂၀၂၅

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ထွေ-အုပ် ရုံးကနေ အိမ်စီးကားနဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးတပ်တွေက ကြားဖြတ် တိုက်ရာမှာ ဗိုလ်ကြီးတဦး အပါအဝင် ၃ ဦးသေပြီး သေနတ် ၅ လက် သိမ်းမိတယ်လို့ BRAVE HEART ARMY- BHA က သတင်းထုတ်ပြန်ပါတယ်။

ဇွန် ၁၆ ည ၁၁ နာရီခွဲမှာ အဲဒီကား မုံရွာ-မန္တလေးလမ်းပေါ်က တောပု ပျူစောထီး ရွာနား အရောက်မှာ တိုက်ခိုက်တာလို့ ဆိုပါတယ်။ ဗိုလ်ကြီးတဦး အပါအဝင် ၃ ဦး သေဆုံး၊ တဦးက ဒဏ်ရာနဲ့ ထွက်ပြေး၊ အရာရှိကိုင် ပစ္စတို ၃ လက်နဲ့ MA ၂ လက် သိမ်းမိတာကို ဓာတ်ပုံမှတ်တမ်းထဲ တွေ့ရပါတယ်။

ဒါ့အပြင်...

- မုံရွာအခြေစိုက် နမခ (အနောက်မြောက်တိုင်းစစ်ဌာနချုပ်) ကနေ ထွက်လာတဲ့ ဝမ်ပေါင် ကုမ္ပဏီက ကြေးနီသယ် ယာဉ်တန်းရဲ့ လုံခြုံရေးကားတွေကို တော်လှန်ရေးတပ်တွေက မိုင်းဆွဲ တိုက်ခိုက်ရာမှာ စစ်တပ်ဘက်က သေဆုံးမှု ရှိနိုင်တယ်လို့ Area 71 LPDF Monywa က သတင်းထုတ်ပြန်...

- မိုးဗြဲမြို့ကို အင်အား ၅၀၀ ကျော်ပါ စစ်ကောင်စီ စစ်ကြောင်းက ထိုးဝင်လာတဲ့အတွက် ကရင်နီ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲပြင်းထန်နေ...

- မောတောင်-တနင်္သာရီ နယ်စပ်ကုန်သွယ်ရေး ကားလမ်းပိုင်းကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းနဲ့ KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီ တပ်ဘက်က သေဆုံးမှုများပြီး လက်နက်အချို့ သိမ်းမိ...

- လေးမျက်နှာမြို့နယ် သဲနုကုန်းကျေးရွာ နယ်မြေ ရဲစခန်းကို အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်တွေက ဇွန် ၁၆ မှာ သိမ်းပိုက်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More