မင်းလှတိုက်ပွဲ စစ်ကောင်စီ အထိနာ... ကပစ ၁၄ အနီး AA တပ်တွေ ရောက်လာ ...နောက်ဆုံးရ တိုက်ပွဲသတင်းများ ...
၁၈ ဇွန် ၂၀၂၅
ရန်ကုန်-ပြည် လမ်းပိုင်း၊ မင်းလှမြို့နယ် အနီးရှိ စစ်ကွင်း တာဆုံ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ဗိုလ်မှူးတဦး၊ ရဲမှူး ၂ ဦး အပါအဝင် ၂၀ ခန့် သေဆုံးတယ်လို့ သာယာဝတီခရိုင် အမှတ် ၃ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
ဇွန် ၁၆ ညနေ ၄ နာရီခန့်မှာ မင်းလှမြို့နယ်၊ ဆင်အိုင် ချောင်းပေါက် ကျေးရွာဘက် စစ်ကြောင်းထိုးလာတဲ့ အင်အား ၆၀ ပါ စစ်ကောင်စီနဲ့ ပျူစောထီး စစ်ကြောင်းကို တော်လှန်ရေး တပ်တွေ ကြားဖြတ် တိုက်ခိုက်ရာကနေ ပထမအကြိမ် တိုက်ပွဲဖြစ်တယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်နေစဉ် ပြည် ဘက်ကနေ ရန်ကုန်ဘက် မောင်းနှင်လာတဲ့ အိမ်စီးကား တစီးဟာ တော်လှန်ရေးတပ်တွေက တားဆီးတာကို သတိမမူဘဲ ဆက်မောင်းသွားတဲ့အတွက် စစ်တပ်ရဲ့ ပစ်ခတ်မှုကိုခံရပြီး အရပ်သား ၃ ဦးသေ၊ ၄ ဦး ဒဏ်ရာရတယ်လို့ ဖေါ်ပြပါတယ်။
ဒါ့အပြင်...
- ငဖဲမြို့နယ်ရှိ ကပစ ၁၄ (အမှတ် ၁၄ ကာကွယ်ရေးပစ္စည်းစက်ရုံ) အနီးမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေ...
- နောင်ချိုမြို့ကို စစ်တပ်က ဟောင်ဝစ်ဇာ အမြောက်နဲ့ လက်နက်ကြီး ၅ လုံး လှမ်းပစ်တဲ့အတွက် နေအိမ် ၂ လုံး ပျက်စီးပြီး နေရာအချို့မှာ တိုက်ပွဲဆက်ဖြစ်နေဟု TNLA က သတင်းထုတ်ပြန်...
- ဖားကန့်မြို့နယ်၊ မှော်စီစာ ရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ KIA ကချင် လွတ်လပ်ရေးတပ်မတော် ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲကြီး ဖြစ်ပွားပြီး စစ်ကောင်စီဘက်က အရာရှိ တဦး အပါအဝင် ၃၀ ခန့်သေဆုံး...
- ကျုံဒိုးမြို့ကနေ ကော့ကရိတ် ဘက် အထွက် နွားခြံကုန်းနဲ့ အင်းကြီး ရွာဘက် တက်လာတဲ့ အင်အား ၁၅၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းကို ပျံလွှား စစ်ကြောင်းနဲ့ မဟာမိတ်တွေက ကြားဖြတ် တိုက်ရာမှာ စစ်ကောင်စီ တပ်ဘက်က ၅၀ ခန့်အထိ သေဆုံး...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment