ထီးကပလယ်စခန်း KNLA သိမ်းပိုက်... နွားထိုးကြီးတိုက်ပွဲ စစ်ကောင်စီ အထိနာ... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...
၂၄ ဇွန် ၂၀၂၅
ကရင်ပြည်နယ်၊ မြဝတီမြို့ အနီးရှိ ထိုင်းနယ်စပ်က ထီးကပလယ် စခန်းကို KNLA (ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်) ဦးဆောင်တဲ့ မဟာမိတ်တပ်တွေက ဇွန် ၂၂ ညနေပိုင်းမှာ သိမ်းပိုက်လိုက်ပြီလို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။
၁၉၉၅ မှာ မာနယ်ပလော ဌာနချုပ်ကနေ တော်လှန်ရေးတပ်တွေ ဆုတ်ခွာရပြီးနောက် ထီကပလယ် စခန်းကို KNU (ကရင်အမျိုးသားအစည်းအရုံး) ဌာနချုပ်သစ်အဖြစ် ပြောင်းရွှေ့ တည်ထောင်ခဲ့ပါတယ်။ ၁၉၉၇ ဖေဖော်ဝါရီမှာ စစ်တပ်က သိမ်းပိုက်ပြီး အခု ၂၈ နှစ်အကြာ ဇွန် ၂၂ မှာမှ တော်လှန်ရေး တပ်တွေက ပြန်လည်သိမ်းပိုက်နိုင်တာလို့ ဖော်ပြပါတယ်။
ဒါ့အပြင်...
- နွားထိုးကြီးမြို့နယ် ဝက်လူး ရဲစခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေး တပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်သား ၁၃ ဦးသေ၊ တဦးကို လက်ရဖမ်းမိ၊ သေနတ် ၂ လက် သိမ်းမိ...
- ရေနံချောင်းမြို့နယ်က ကျေးရွာတွေကို အင်အား ၁၅၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်သား ၁၅ ဦး သေဆုံး...
- TNLA တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့အနီးက ကျေးရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းပစ်ကူ၊ ဒရုန်းနဲ့ လက်နက်ကြီးတွေ ဆက်တိုက်ပစ်ပြီး ထိုးစစ်ဆင်နေတဲ့အတွက် တိုက်ပွဲတွေ ဆက်ပြင်းထန်နေ...
- တရုတ်စီမံကိန်းတွေ ရှိတဲ့ ကျောက်ဖြူမြို့နယ်မှာ တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်သားနဲ့ပြည်သူစစ် ၂၀ ခန့် စခန်းစွန့်ခွာကာ မြို့ပေါ် တက်ပြေးသွားတဲ့အတွက် စရဖ (စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့) က အပူတပြင်း လိုက်ရှာနေ...
- စစ်ကောင်စီ လေတပ်အတွက် ပေးပို့ဖို့ ပြင်ဆင်နေတဲ့ စစ်လေယာဉ် ၂ စင်းကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်း အပြည်ပြည်ဆိုင်ရာလေဆိပ်အနီးမှာ တွေ့ရတယ်လို့ Myanmar Witness က သတင်းထုတ်ပြန်...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment