“ငြိမ်းချမ်းရေး စားပွဲ သောက်ပွဲကြီးအဆင့်ကနေ တက်မလာနိုင်သေးဘူး”
- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)
၂၈ ဇွန် ၂၀၂၅
“နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေး ဖိုရမ်ဆိုတာဟာ တကယ့်စစ်မြေပြင်မှာ တိုက်နေတဲ့ တော်လှန်ရေးအဖွဲ့တွေမပါတာကြောင့် စားပွဲသောက်ပွဲကြီးအဆင့်ကနေ တက်လာနိုင်သေးတဲ့သဘောရှိတယ်၊ သင်္ကြန်အမြောက်လို အသံပဲရှိပြီး အဆံမပါတဲ့ပွဲဖြစ်တယ်” လို့ စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။
ဇွန် ၂၅ ကနေ ၂၇ အထိ နေပြည်တော်မှာ ၃ ရက်တာကျင်းပတဲ့ “ငြိမ်းချမ်းရေးပွဲတော်” အပေါ် ဘာများမျှော်လင့်စရာရှိမလဲ... ဆိုပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။
အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...
- ငြိမ်းချမ်းရေးပွဲတော်က စားပွဲသောက်ပွဲအဆင့်ထက် မပိုဘူးလို့ ဘာကြောင့်ပြောတာလဲ...
- တကယ့်ငြိမ်းချမ်းရေး ရစေချင်ရင် ဘယ်လိုပွဲမျိုး လုပ်သင့်သလဲ...
- သောင်းရင်းမြစ်ဘေး စခန်းသိမ်းပွဲတွေကနေ စစ်တောင်းမြစ်ဝှမ်းနဲ့ ပဲခူးရိုးမဆီ ရောက်လာတဲ့ KNU ရဲ့ စစ်ရေးလှုပ်ရှားမှုက ဘယ်လိုထူးခြားသလဲ...
- TNLA ခံစစ်ကို ဆက်ကျင့်သုံးမှာလား... ထိုးစစ်ဆင်ပြီး တောင်ခမ်းကို သိမ်းမှာလား...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
(AA ရဲ့ တန်ပြန်ထိုးစစ်နဲ့ NUG ရဲ့ အထွေထွေးထိုးစစ် အဓိပယ်ဖွင့်ဆိုချက်တွေအကြောင်းပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment