ကျောက်ဖြူတိုက်ပွဲ စစ်ကောင်စီ ဒုရင်းမှူး သေဆုံး... မုံရွာ နမခ ကို BWM က ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...
၁၇ ဇွန် ၂၀၂၅
တရုတ် ရင်းနှီးမြှုပ်နှံမှုတွေ ရှိတဲ့ ကျောက်ဖြူမြို့မှာ တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်က ဒုတိယတပ်ရင်းမှူးတဦး AA အာရက္ခတပ်တော်ရဲ့ လက်ဖြောင့်တပ်သားလက်ချက်နဲ့ သေဆုံးသွားတယ်လို့ Western News က ဖော်ပြပါတယ်။
ဒုတပ်ရင်းမှူး ဗိုလ်မှူးဝင်းသန့်ဟာ ကချင်ပြည်နယ် မြစ်ကြီးနား အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပတ) ကနေ ကျောက်ဖြူကို စစ်ဆင်ရေး တာဝန်နဲ့ ထွက်လာပြီး ဇွန် ၉ ရက်မှာ အပစ်ခံရတာလို့ CDM စစ်ဖက်သတင်းရပ်ကွက်ကို ကိုးကားဖော်ပြပါတယ်။
ဒါ့အပြင်...
- ရေကြည်မြို့နယ် ငသိုင်းချောင်း- မြောက်စမ်းရွာ အနီးရှိ အမြောက်တပ် အမတ ၃၄၄ ဘက်ကို ကျုံပျော်ဘက်ကနေ စစ်ကူတက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းနဲ့ AA အာရက္ခတပ်တော် ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲ ပြင်းထန်နေ...
- မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ရာမှာ အရာရှိ ၂ ဦးအပါအဝင် စစ်သား ၅ ဦး သေဆုံး...
- ရေဖြူမြို့နယ် အုန်းပင်ကွင်းကျေးရွာအုပ်စု၊ ရတနာ သဘာဝဓာတ်ငွေ့ ပိုက် လိုင်း ဖြတ်သွားရာဒေသ၊ “ပယ” ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်ကောင်စီ တပ်ဘက်က ထိခိုက်သေဆုံးမှုရှိ...
- TNLA တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ထိန်းချုပ်ဒေသ နမ္မတူ-ကွတ်ခိုင် မြို့နယ် အစပ်ရှိ “မန်ဆာ” ကျေးရွာအနီးကို ဇွန် ၁၆ ညနေ ၄ နာရီခွဲမှာ စစ်လေယာဉ် ၃ စင်းက ဗုံး ၁၀ လုံး ကြဲသွား...
- TNLA ထိန်းချုပ်ဒေသ ကျောက်မဲမြို့နယ် “ဟူးစွန်” ကျေးရွာမှာ TNLA နဲ့ SSPP (ရှမ်းပြည် တိုးတက်ရေးပါတီ) တပ်ဖွဲ့တွေ ဇွန် ၁၅ ညနေ ၅ နာရီခန့်က အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွား...
- PDF ရှမ်းတောင် (ကယား) ကရင်နီတိုင်းစစ်ဌာန နည်းဗျူဟာ အမှတ် ၁၁ မြေပြင်တပ်မှူးများ သင်တန်းဆင်းပွဲ ဇွန် ၁၆ ရက်က ကျင်းပ...
- ချင်းပြည်နယ်က မြို့သိမ်းတိုက်ပွဲတွေမှာ အဓိက ဦးဆောင်ပါဝင်နေတဲ့ CB ချင်းညီနောင် အဖွဲ့ဝင် CDF- မင်းတပ် ကလည်း သင်တန်းသားတွေနဲ့ ရာနဲ့ချီ တက်ရောက်နေတဲ့ အခြေခံ စစ်သင်တန်း အပတ်စဉ် ၅ သင်တန်းဆင်းပွဲ ကျင်းပကြောင်း ဗီဒီယို ထုတ်ပြန်...
... စတဲ့ သတင်းးတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment