Wednesday, June 18, 2025

“ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကို လူတွေ ပိုစိတ်ဝင်စားလာတာဟာ စစ်ကောင်စီကို ...


“ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကို လူတွေ ပိုစိတ်ဝင်စားလာတာဟာ စစ်ကောင်စီကို လူတွေ ပိုဆန့်ကျင်လာတယ်ဆိုတဲ့ ညွှန်းကိန်းဖြစ်တယ်”

- ဦးအောင်စောဦး (၇၄-၇၅-၇၆ မျိုးဆက်ကျောင်းသား)

၁၈ ဇွန် ၂၀၂၅

“ဖမ်းဆီးခံနေရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှစ် ၈၀ ပြည့်မွေးနေ့အပေါ် လူတွေအရင်ကထက် ပိုစိတ်ဝင်စားမှုတိုးလာတယ်ဆိုတာဟာ စစ်ကောင်စီကို လူထုတရပ်လုံးက ဘယ်လောက်အထိ မုန်းတီးရွံရှာနေတယ်၊ ဘယ်လောက်အထိ အမြန်ပြုတ်ကျစေချင်နေတယ်ဆိုတာကို ပြသတဲ့ ညွှန်းကိန်းဖြစ်တယ်” လို့ ၇၄-၇၅-၇၆ မျိုးဆက်ကျောင်းသားတဦးဖြစ်သူ ဦးအောင်စောဦးက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှစ် ၈၀ ပြည့် မွေးနေ့ပွဲအခမ်းနားတက်ဖို့အတွက် နော်ဝေနိုင်ငံသို့ရောက်နေတဲ့ ဦးအောင်စောဦးကို BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့်မေးမြန်းချက်ထဲမှာ...

- ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှစ် ၈၀ ပြည့်မွေးနေ့အပေါ် အရင်နှစ်တွေထက် လူတွေ ပိုစိတ်ဝင်စားနေတာ ဘာကြောင့်လဲ...

- နော်ေ၀ ဒေါ်အောင်ဆန်းစုကြည်ပန်းခြံမှာ ကျင်းပမယ့် မွေးနေ့ပွဲက ဘယ်လို ထူးခြားမှုတွေရှိနိုင်သလဲ...

- မာနယ်ပလောအပါဝင် ထိုင်း-မြန်မာနယ်စပ်တလျောက်က စခန်းတွေကို KNU ပြန်သိမ်းနိုင်တဲ့အပေါ် မာနယ်ပလောမှာ နေခဲ့ဖူးသူတဦးအနေနဲ့ ဘယ်လိုမြင်သလဲ...

- KNU အပါဝင် ERO တွေက ကိုယ့်ဒေသလွတ်မြောက်ရေးအပြင် နေပြည်တော် သိမ်းပိုက်ရေးအထိ ပါဝင်ကြမှာလား...

- ၇၄...၈၈...နဲ့ အခု ၂၀၂၁ တော်လှန်ရေးတွေကြားမှာ ဘာတွေကွာသလဲ... ဒီတကြိမ်မှာ အောင်ပွဲရမယ်လို့ ဘာကြောင့် မျှော်လင့်နိုင်တာလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More