Monday, June 30, 2025

တီးတိန်တိုက်ပွဲ စစ်ကောင်စီ အထိနာ... နောင်ချိုမှာ တိုက်ပွဲပြန်ပြင်းထန်လာန...


တီးတိန်တိုက်ပွဲ စစ်ကောင်စီ အထိနာ... နောင်ချိုမှာ တိုက်ပွဲပြန်ပြင်းထန်လာနေ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၁ ဇူလိုင် ၂၀၂၅)

စစ်ကိုင်းတိုင်း၊ မင်းကွန်းဒေသ၊ မင်းကွန်းတောင်ရွာ၊ နဂါးပတ်တောင်ကျောင်းတိုက်အတွင်း စခန်းချထားတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်သားတွေသေဆုံးမှုများပြီး သုံ့ပန်း ၄ ဦးနဲ့ သေနတ် ၆ လက် သိမ်းမိတယ်လို့ ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့ က သတင်းထုတ်ပြန်ပါတယ်။

ဇွန် ၂၇ မှာ တိုက်ခိုက်တာဖြစ်ပြီး အဲဒီစခန်းမှာ စစ်သားအင်အား ၃၀ ခန့်ရှိတယ်လို့ ဆိုပါတယ်။ နယ်မြေရှင်းတဲ့အခါ စစ်သားအလောင်း ၄ လောင်းကျန်၊ ၄ ဦးကို လက်ရဖမ်းမိ၊ G3 ၄ လက်၊ Ma1 ၂ လက်နဲ့ခဲယမ်းတွေသိမ်းမိပါတယ်။

ဒါ့အပြင်...

- ရွှေဘိုမြို့နယ်ရှိ စစ်ကောင်စီစခန်းနဲ့ ပျုစောထီးစခန်းတွေကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်သား စစ်သား ၂၀ ကျော်သေဆုံး၊ သေနတ် ၄ လက်သိမ်းမိ...

- မုံရွာအခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ကို ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်တဲ့အတွက် စစ်တပ်ဖက်က ၁၀ ကျော်သေပြီး ပျက်စီးမှုလည်းများ...

- ချင်းတောင်ပေါ် တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တီးတိန်မြို့နယ်၊ ကလေး-သိုင်းငင်း ကားလမ်းပေါ်ရှိ မွှာလ်ပီရွာမှာ ချင်းတော်လှန်ရေးတပ်တွေက တိုက်ခိုက်နေပြီး စစ်သားတွေသေဆုံး၊ လက်နက်အချို့ သိမ်းမိ...

- တောင်သာမြို့နယ်၊ ကင်းဇလုပ်ကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်တပ်ဖက်က ထိခိုက်သေဆုံးမှုရှိပြီး ခဲယမ်းအချို့ သိမ်းမိ...

- နောင်ချိုမြို့ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ဗုံးကြဲတဲ့အပြင် ဟောင်ဝစ်ဇာအမြောက်တွေနဲ့ပစ်ခတ်တဲ့အတွက် TNLA ဖက်က ပြန်လည်ခုခံ တိုက်ခိုက်နေ...

- အင်္ဂပူမြို့နယ်ရှိ ဘယ်ပြားကုန်းနဲ့ စာစီကုန်းကျေးရွာတွေက စစ်တပ်စခန်းတွေကို အာရက္ခတပ်တော် (AA )နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဇွန် ၂၉  မှာ သိမ်းပိုက်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More