ကျိုဒုံးနဲ့ ငဖဲတိုက်ပွဲ စစ်ကောင်စီ အထိနာ... BPLA သင်တန်းဆင်းပွဲ TNLA နယ်မြေမှာ ကျင်းပ... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...
၂၂ ဇွန် ၂၀၂၅
ကရင်ပြည်နယ်၊ ဒေါန တောင်တန်းပေါ်မှာ သောင်တင်နေတဲ့ အောင်ဇေယျ စစ်ကြောင်းဆီ စစ်ကူလာတဲ့ အဖွဲ့ကို တော်လှန်ရေး တပ်တွေက ကြားဖြတ် တိုက်ရာမှာ ဗိုလ်မှူးအဆင့် အပါဝင် စစ်သား ၃၀ ကျော် သေဆုံး၊ လက်နက်မျိုးစုံ ၃၀ ကျော် သိမ်းမိတယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) က သတင်းထုတ်ပြန်ပါတယ်။
ဇွန် ၁၉ ရက် ၇ နာရီကြာ တိုက်ပွဲမှာ အခုလို သေဆုံးသွားတဲ့ စစ်သားတွေဟာ တပ်မ ၄၄ နဲ့ ၅၅ က စစ်သားတွေဖြစ်ပြီး ကျုံဒိုးကနေ တဆင့် ဒေါ်နတောင်ပေါ် တက်ပြီး အောင်ဇေယျကို အားဖြည့်ဖို့ ကြိုးစားစဉ် တိုက်ခိုက်တာလို့ ဆိုပါတယ်။
ဒါ့အပြင်...
- မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးစခန်း အနီးရှိ စစ်ကောင်စီ စခန်းကို တော်လှန်ရေး တပ်တွေက ဝင်တိုက်ရာမှာ တဦးသေ၊ ၁၅ ဦး လက်ရဖမ်းမိ၊ လက်နက်မျိုးစုံ ၁၀ လက် ရရှိ...
- နောင်ချိုမြို့နယ်ရှိ လက်ပန်ကုန်း၊ သရက်ကုန်း၊ ဉာဏ်တော၊ ရွှေသွန်း၊ လုံဝယ်၊ အုမ္မတီးနဲ့ ဆမ္မဆယ် စတဲ့ ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ TNLA ကြား တိုက်ပွဲဆက်ဖြစ်နေ...
- မလှိုင်မြို့ပေါ် စားသောက်ဆိုင်တခုမှာ သောက်စား ပျော်ပါးနေတဲ့ စစ်ကောင်စီတပ်ကြပ်ကြီး တဦးကို PDF ရဲမေတွေက လက်နက်နဲ့အတူ လက်ရဖမ်းဆီးရရှိ...
- တနင်္သာရီမြို့နယ် အခြေစိုက် ခမရ ၅၅၇ က စစ်သားသစ် ၂ ဦး MA သေနတ် ၂ လက်နဲ့ အတူ ဇွန် ၁၉ မှာ တနင်္သာရီမြို့နယ် ‘ပကဖ’ ထံ ခိုလှုံလာ...
- ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA ရဲ့ အပတ်စဉ် ၉ အခြေခံစစ်သင်တန်းဆင်းပွဲကို တော်လှန်ရေးအဖွဲ့စည်းခေါင်းဆောင် အတော်များများ တက်ရောက်...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment