Wednesday, June 4, 2025

သေ့ဘောဘိုးစခန်းသိမ်းပွဲ လက်နက်မျိုးစုံ ရာနဲ့ချီသိမ်းမိ... ဖားကန့်က စစ်ရဟ...


သေ့ဘောဘိုးစခန်းသိမ်းပွဲကနေ လက်နက်မျိုးစုံ ရာနဲ့ချီသိမ်းမိ... ဖားကန့်က စစ်ရဟတ်ယာဉ်ကို KIA ပစ်ခတ်... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၅ ဇွန် ၂၀၂၅

ကရင်ပြည်နယ် မြဝတီမြို့နယ် ထိုင်း-မြန်မာနယ်စပ်ရှိ သေ့ဘောဘိုး စစ်ကောင်စီ စခန်းကို ဇွန် ၃ ရက် ညနေပိုင်းမှာ တော်လှန်ရေးတပ်တွေက သိမ်းပိုက်လိုက်ပြီး ၁၂၀ မမ အဝေးပစ် မော်တာကြီးတွေ အပါအဝင် လက်နက်မျိုးစုံ ရာနဲ့ချီ သိမ်းမိတယ်လို့ Cobra Column 2 VENOM စစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။

တိုက်ပွဲဖြစ်နေစဉ် စစ်ကောင်စီဘက်က ဂျက်ဖိုက်တာ ၃ စီး၊ Y12 ၂ စီးနဲ့ ဆက်တိုက် ဗုံးကြဲတဲ့အပြင် အနီးဝန်းကျင်ရှိ ဝေါလေဗျူဟာကလည်း လက်နက်ကြီးပစ်ကူပေးနေတဲ့ကြားက သိမ်းပိုက်လိုက်တာလို့ ဆိုပါတယ်။

ဆိုရှယ် မီဒီယာမှာ ပြန့်နေတဲ့ ဗီဒီယိုမှတ်တမ်းတခုမှာဆိုရင် ၁၂၀ မမ၊ ၈၁ မမ၊ ၆၀ မမ မော်တာတွေ၊ ပွိုင့် 5 တွေ၊ RPG လောင်ချာတွေ ဒါဇင်နဲ့ချီ တွေ့ရတဲ့အပြင် အရာရှိကိုင် ပစ္စတို တဒါဇင်ကျော်ကိုလည်း တွေ့ရပါတယ်။ MA စီးရီး လက်နက်ငယ်တွေကိုတော့ ရာနဲ့ချီ သိမ်းမိထားတာ တွေ့ရပါတယ်။

ဒါ့အပြင်...

- လွိုင်ကော်မြို့ကနေ လွိုင်လင်လေးဘက် ထွက်လာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ကြားဖြတ် တိုက်ရာမှာ စစ်ကောင်စီဘက်က သေဆုံးသူ 
များပြီး ၆၀ မမ နဲ့ RPG အပါဝင် လက်နက်မျိုးစုံ ၂၀ ကျော် သိမ်းမိ...

- ဖားကန့်မြို့ စစ်ဗျူဟာကုန်းသို့ ခဲယမ်း-ရိက္ခာ ချပေးဖို့ ရောက်လာတဲ့ စစ်ကောင်စီ ရဟတ်ယာဉ်ကို KIA (ကချင်လွတ်လပ်ရေးတပ်မတော်) ဦးဆောင်တဲ့ တော်လှန်ရေး တပ်တွေက ဇွန် ၄ ရက်၊ ညနေ ၃ နာရီခန့်မှာ ပစ်ခတ်ရာမှာ စစ်ရဟတ်ယာဉ် မဆင်းရဲဘဲ နောက်ပြန်လှည့်သွား...

- စစ်ကောင်စီက အပစ်အခတ် ရပ်စဲကြောင်း  ကြေညာထားတဲ့ မေလအတွင်း လေကြောင်းတိုက်ခိုက်မှု ၂၆ ကြိမ်၊ လက်နက်ကြီးပစ်ခတ်မှု ၁,၀၀၀ ကျော်ရှိပြီး အရပ်သား ၈ ဦးသေ၊ ၁၈ ဦး ဒဏ်ရာရတယ်လို့ TNLA တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်က သတင်းထုတ်ပြန်...

- တရုတ်စီမံကိန်းတွေရှိတဲ့ ကျောက်ဖြူမြို့နယ် ကပ်သပြေ ကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် AA တိုက်ပွဲဖြစ်နေ...

- ရေဖြူမြို့နယ် မင်းသားကျေးရွာအုပ်စု၊ ဆင်စွယ်ရွာ အနီးမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ရင်ဆိုင်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက် သေဆုံးမှု ရှိနိုင်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More